အပိုင်း (၈)

30.3K 1.6K 55
                                    

{Unicode}

... Only need to control...

***

ဒီနေ့ ကျောင်း ၀ါဆိုကပ်လှူပွဲ ဖြစ်သည်။ ဒီနေ့တော့ ကျောင်းက ပိတ်ရက်အဖြစ် တည်ရှိနေသည်မို့ အဆင်ပြေနေခဲ့ပါသည်။ အခါတိုင်း ကျောင်းနှင့်ပတ်သတ်သည့် ပွဲတော်တော်များများမှာတော့ အ၀တ်အစားကို Uniformဆိုပြီး ကန့်သတ်ထားပေမယ့် အဖြူအစိမ်းမဟုတ်ဘဲ ကျန်သည့် အ၀တ်အစားများ designများကို ၀တ်လာတတ်ကြပါသည်။ အရမ်း သရုပ်ပျက်စေမည့် အ၀တ်အစားမဟုတ်ရင်တော့ သူတို့ လက်ခံသည်မို့....။

ဒီနေ့လည်း အိမ်က လိုက်အပို့ကို စောင့်နေရင်းမှ မမကတော့ ဆရာမက စောစောခေါ်ထားသည်မို့ အိမ်က ၈နာရီလောက်ကတည်းက ထွက်သွားပြီး ဖြစ်သည်။ ကျွန်တော်ကတော့ ဖေဖေ လိုက်အပို့ကို စောင့်နေရင်းမှ အိမ်ကို အစောဆုံး ကြွရောက်လာသည့် သူ့ကြောင့်....။

အ၀တ်အစားလဲ ဖေဖေ့ကို ​ခွင့်တောင်းပြီးသည့်နောက်မှာတော့ သူနှင့်အတူ လိုက်ပါမိတော့သည်။ သူကတော့ မချိုမချဥ် အပြုံးနှင့်ပင် ရှိနေပြီး ကျွန်တော့်ကို ကြည့်ပြီး ပြုံးရုံသာ ပြုံးနေမိသည်။

ကျွန်တော်ကတော့ အပေါ်က စတစ် နို့နှစ်ရောင်နှင့် ယောပုဆိုးအနက်ရောင်ပြေနေသော အစိမ်းရောင်ကို ၀တ်ထားသည်။ သူကတော့ အောက်က jean pant အနက်ရောင်၊ ဆင်စွယ်ရောင်တီရှပ်နှင့်အတူ အပေါ်က jean jacket အနက်...။

သူ့ဆံပင်များက ထုံးစံအတိုင်း သူ့မျက်နှာအနီးတစ်၀ိုက် ဖြာကျနေပြီး ဒီနေ့ သူ့၀တ်စားပုံနှင့် သူ့ကို ကြည့်ရတာ သူ့အရပ်ကို နဂိုထက် ရှည်လျားပြီး ပိုပြီး smartကျအောင် ကူညီပံ့ပိုးပေးထားသလိုပင်....။

အိမ်ခြံ၀န်း တံခါးရှေ့ ရောက်ချိန်မှာတော့ ကျွန်တော် ခြံတံခါးရှေ့မှာ ရပ်ထားသည့် သူ့ဆိုင်ကယ်ကို တစ်ချက်ကြည့်ပြီးသည့် နောက်မှာတော့ အနားရောက်လာသည့် သူ့ကြောင့် ခေါင်းကိုသာ ငုံ့ထားလိုက်မိသည်။

ခဏအကြာမှာတော့ သူ့ထံမှ ရယ်သံတစ်ချက်ကြားပြီး သူ့ဆိုင်ကယ်ပေါ်သို့ တက်ဖို့ ပြောလာသည့် အချိန်မှာတော့ ကျွန်တော်လည်း ဘာမှမပြောဘဲ သူ့ဆိုင်ကယ်နောက်သို့ ....။

My Personal Property(Edit)Where stories live. Discover now