61.3
နောက်တစ်နေ့ညနေတွင် ကျန်းယွီ
ဝယ်ထားသမျှ ပစ္စည်းအကုန်လုံး
အိမ်သို့ရောက်လာခဲ့သည်။
ကျန်းယွီက ထို့နောက် လုချင်ကို
ဖုန်းဆက်လိုက်ပြီး သူလင်းချန်းဆီကို
သွားမှာဖြစ်တာကြောင့် နောက်နောက်ကို
ထိန်းပေးရန်ပြောလိုက်သည်။
ကျင်းယွင်ပင်လယ်ထဲတွင် မတော်တဆမှုဖြင့်
သေကြောင်းကြေညာပြီးနောက် သူ့ရဲ့ချစ်သူ
ဖြစ်သော လုချင်ကပဲ စျာပနလုပ်ပေးခဲ့ပြီး
ကျင်းယွင်၏ပိုင်ဆိုင်မှုများကို
အန်းအန်းနာမည်ဖြင့်လွှဲပြောင်းကာ
သူကအုပ်ချုပ်ပေးခဲ့သည်။ စျာပနပွဲ
ပြီးနောက် ကျင်းယွင်နှင့်သူအတူနေခဲ့သော
အိမ်တွင် ပြန်နေခဲ့သည်။လုချင်က ကျန်းယွီကို ကတိပေးထားသည့်
အတိုင်း ကလေးကိုကြည့်ပေးခဲ့ပြီး
နေဝင်သွားသည့်အချိန်၌ ကလေးနှစ်ယောက်ကို
နာနီနှင့်အတူထားခဲ့ကာ ကျန်းယွီအား
အရှေ့ဘက်ဆိပ်ကမ်းရှိရာသို့
လိုက်ပို့ခဲ့ပြီး ပင်လယ်ရေနက်ပိုင်းသို့
ကိုယ်တိုင်လှေမောင်းကာ လိုက်ပို့ခဲ့သည်။ကောင်းကင်တစ်ခုလုံး မည်းမှောင်နေသည့်
အချိန်တွင် လှေသည် ပင်လယ်နက်ပိုင်းသို့
ရောက်ခဲ့သည်။ ကျန်းယွီက သာမန်လူများ
မကြားနိုင်သော အသံကို ငါးမန်းပေါက်လေးကို
ခေါ်ရန် ထုတ်လွှတ်လိုက်သည်။
ငါးမန်းလေးမှာ အရင်တစ်ခေါက်က
ကျင်းယွင်ကိုစားပစ်ခဲ့သော
သူတို့မျိုးနွယ်စု၏ အိမ်မွေးတိရစ္ဆာန်လေး
ဖြစ်သည်။၁၀မိနစ်ကျော်အကြာတွင် ပင်လယ်ထဲမှ
ငါးမန်းလေးတစ်ကောင် ပေါ်လာသည်။
အရင်တစ်ခေါက်က ဒဏ်ရာလည်းရ
ထားပြီး အခုတော့ပြန်ကောင်းနေပြီ
ဖြစ်သည်။ကျန်းယွီက လင်းချန်းနှင့်ကုယန်အတွက်
သယ်လာသော အိတ်ကြီးနှစ်အိတ်ကို
ငါးမန်းလေး၏ဆူးတောင်ပေါ်တွင် ချည်ပေးလိုက်ပြီး
သူက ကျောပေါ်တွင် ထိုင်လိုက်ခဲ့သည်။
သူတို့နှစ်ယောက်ထွက်ခွာရန်
ပြင်လိုက်တော့မှ လုချင်က
လှေကိုကမ်းဘက်သို့ပြန်မောင်း
ထွက်သွားသည်။ညလေအေးထဲတွင် ငါးမန်းလေးက
ရေလှိုင်းများကို ကျော်ဖြတ်ကာ
ကူးခတ်နေခဲ့သည်။ အလင်းရောင်
ပြန်ထွက်လာသည့်အချိန်တွင်
ငါးမန်းလေးက ရပ်တန့်သွားပြီး
ကျောပေါ်တွင် တစ်ချိန်လုံးလိုက်အိပ်လာသော
ကျန်းယွီက မျက်လုံးတွေကိုပွတ်လိုက်ကာ
ထရပ်လိုက်သည်။ မျက်စိရှေ့ရှိနေရာသည်
ပင်လယ်ရေပြင်ဝိုင်းရံထားသော
ကျွန်းတစ်ခုဖြစ်နေသည်။
YOU ARE READING
The Little Merman Book2 (mmtran)
AdventureI don't own this story.I just translate it.So, credit to original author. Chinese Name- 小人鱼 Author- Du lai E Tran- N/A Genre- Comedy,shounen ai,Yaoi Chapters- 92 6 extra(total 98) ချင်စန်း(gong)- ပစ္စည်းတွေ ပျောက်သွားတိုင်း သူခိုးကပုလဲလုံးတွေ ချန်ထာ...