Part-14

508 27 11
                                    



"မင်းကြီး ကျွန်မကိုခေါ်တယ်ဆို"

"ဟမ်..."

Chaeyoungသိလိုက်ပါပြီ။ အဲ့တာဟိုခွေးကောင်ရဲ့လက်ချက်ဆိုတာ။ မသိတော့ဘူးလေ ကြည့်လုပ်လိုက်ရတော့မှာပဲ။

"အား...အင်း ဟုတ်တယ် ဟို မိဖုရားကိုတွေ့ချင်လို့"

Minaဟာရှေ့တိုးလာပြီ မင်းကြီး၏လည်တိုင်ကိုသိုင်းဖက်လိုက်ကာ

"Minariလို့ပဲခေါ်ပါ"

"ဒါပေမဲ့ နန်းတော်ရဲ့ကျင့်..."

Minaဟာချက်ချင်းပင် Chaeyoung၏နှုတ်ခမ်းပေါ်သို့ သူမရဲ့လက်ချောင်းလေးဖြင့်ကာဆီးလိုက်သည်။

"ကျွန်မနဲ့နှစ်ယောက်ထဲရှိရင်တော့ခေါ်ပေးပါနော်"

Chaeyoungသည် သူ၏နှုတ်ခမ်းပေါ်တွင်တင်ထားသော သူမရဲ့လက်ချောင်းလေးကိုလက်ဖြင့်ခွါလ်ိုက်ပြီး သူမ၏သွေးကြောစိမ်းလေးတွေတောင်မြင့်ရသည့် လက်ဖမိုးလေးက်ိုနမ်းရှိုက်လိုက်ကာ..

"ညတိုင်းလွမ်းနေရတော့မှာပဲ ဘုရင်ဖြစ်သွားတော့ သီးသန့်အဆောင်မှာနေရတဲ့အပြင် အစောင့်တွေကလဲကြီးကြပ်တော့ Minariရဲ့ရင်ခွင်ထဲမှာအိပ်လို့မရတော့ဘူး"

ဘုရင်ဖြစ်နေပြီကို အခုထိနှုတ်ခမ်းလေးမသိမသာဆူပြီးကလေးလိုချွဲနေတဲ့ သူမရဲ့နှစ်ယောက်မရှိသောမင်းကြီးကိုကြည့်ကာ Minaပြုံးမိသည်။ နောက်တော့ ကျန်လက်တစ်ဖက်က မင်းကြီးရဲ့ပါးပြင်လေးအားပွတ်သက်ရင်းဖြင့်..

"ကျွန်မရဲ့မင်းကြီးကတော့လေ အခုထိကလေးဆိုးလေးလုပ်နေတုန်းပါလား ဒီပုံစံကို ပြည်သူတွေကိုသာပြလိုက်ချင်တယ်"

Chaeyoungသူမရဲ့လက်ကိုဆွဲကာ အနားမှာရှိသည့်ထိုင်ခုံတွင်ထိုင်လိုက်သည်။ သူမကတော့ သူ့အရှေ့တွင်ရပ်နေပြီးသူ့ကိုကြောင်ကြည့်နေသဖြင့်ပြုံးမိလိုက်သည်။ နောက်တော့ သူမ၏ခါးအား တင်းနေအောင်ဖက်လိုက်ပြီး သူတစ်ဦးသာပိုင်ဆိုင်သည့် သူမရဲ့ရင်ခွင်ထဲသို့ဝင်ကာ မျက်နှာအပ်လိုက်တော့သည်။ သူမကတော့ သူ၏ကျောပြင်ကိုပွတ်သက်ပေးနေသည်။

"Minari"

"ပြောပါ မင်းကြီး"

"ဒီလိုမျိုးလေး တစ်သက်လုံးနေလို့ရရင် ကောင်းကင်ဘုံကိုကျေးဇူးတင်မိမှာ"

The King of AmourWhere stories live. Discover now