အပိုင်း - ၁၈
နှစ်ယောက်ထဲရှိနေတဲ့အချိန်မျိုးမှာ မင်းကိုချစ်လွန်းလို့
စနောက်မိတာမျိုးရှိကောင်းရှိနိုင်ပေမယ့် ဘယ်သူစိမ်း
တစ်ယောက်ကမှ မင်းရဲ့ဖြစ်တည်မှုနဲ့ မင်းရဲ့
ဂုဏ်သိက္ခာကိုစော်ကားတဲ့စကားမျိုး မောင့်အရှေ့မှာ
စနောက်ပြိီးတောင်မပြောစေရဘူး မောင့်အချစ်ရေ။
မောင်ကလက်ခံမှုမဟုတ်ဘူး ။ ဘယ်လိုအခြေအနေ
မှာမဆို မင်းအရှေ့မှာမောင်ရှိနေပေးမယ်။*
*
*
*
*
*
*
*" တကယ်အစောကြိိီး ပြန်လာတာလားမောင် "
" ပြန်လာလို့သာ ခင်ဗျားလေးက တွေ့နေရတာ
မဟုတ်ဘူးလား "အောင်မယ်! လေသံကိုကလို့ ခပ်ရွဲ့ရွဲ့တွေးမိပေမယ့်
ကြွေရုပ်ကိုယ်တိုင်ကလည်း သူထမင်းစောစောစားခိုင်း
ထားတာကို အပျင်းကျပြီးမစားထားသည့်အပြစ်ရှိတာ
ကြောင့် အတက်နိုင်ဆုံးမျက်နှာချိုသွေးလိုက်ကာ" အင်း အခြားဆရာဝန်တွေနဲ့အတူတူသွားကျတာ
ဆိုတော့ သူတို့ကခဏလောက်တော့ ထပ်ပြီး
ဆွဲထားမယ်ထင်နေတာ ပြန်လာမယ်ဆိုပေမယ့်
ချက်ချင်းကြီးထလာဖို့ အဆင်မပြေလောက်ဘူး
တွေးနေမိတာရယ် "ကိုယ်ကသာ သူ့ကိုမော့ကြည့်ပြီးစကားတွေပြောနေတာ
ဦးရာရာက ကိုယ့်ကို လှည့်တောင်မကြည့်ပါ ။" ဆွဲထားလည်း နေလို့မရတော့ဘူးလေ ၊ အိမ်မှာက
ပြောစကားနားမထောင်တဲ့ ကလေးတစ်ယောက်
ရှိနေတာကိုး အသက်ပြည့်ပြီးသားကလေးတွေက
ပြောစကားကိုပိုပြီးနားမထောင်ဘူး ကလေးဆိုးတွေ "ဦးရာရာကတော့ ခြေလှမ်းကျဲကြီးတွေနှင့် ထမင်း
စားခန်းဆီသို့သွားနေပါပြီ ။ အဝတ်အစားတောင်
မလဲတော့တာမို့ သူ့အနေနဲ့.ကြွေရုပ်ကိုတော်တော်ကြီး
စိတ်အလိုမကျမှန်းသိသာနေ၏ ။ ထမင်းစားခန်းထဲ
ကိုရောက်တာနဲ့" ဘာနဲ့စားမှာလဲ ပြော "
ဗိုက်ကတကယ်ကိုမဆာတာပါ ။ ဘယ်လိုမှစားချင်စိတ်
မရှိတာပါလို့ မပြောရဲတာကြောင့်
YOU ARE READING
မောင့်ရင်ခွင်ဝယ် ခိုနားမယ် ( Completed )