Zawgyi ▪︎▪︎▪︎
ခုနစ်မီတာ သို့မဟုတ် ရှစ်မီတာကြာအောင်
လမ်းလျှောက်ပြီးနောက်တွင် အမဲလိုက်ခြင်းမြင်ကွင်းတစ်ခုလုံး၏ ထူးဆန်းမှုကို အထွတ်အထိပ်သို့ တွန်းပို့သည့် အရာတစ်ခုကို သူတွေ့ရှိခဲ့သည်။ အတိအကျပြောရလျှင် ၎င်းသည် လူသားခြေထောက်ဖြစ်ပြီး၊ ခြေဖဝါးမှာ ကလေးအရွယ်ဖြစ်သည်။ရှန်းမင် နဖူးက ချွေးတွေ စီးကျလာတာ ဒါ
ဘာကောင်လဲ။ ဝံပုလွေတွေကလည်း အမည်မသိ အကောင် တစ်ကောင်သတ်ဖြတ်ခံထားရပြီး ခြေဖဝါးကလည်း အဲဒီနေရာနဲ့ မဝေး။ရှန်းမင်း ငုံ့ကိုင်းလိုက်ကာ ချုံပုတ်များကို တွန်းဖယ်လို့ ညစ်ပတ်နေသော ခြေဖဝါးလေးများကို လှမ်းကြည့်လိုက်ရာ အံ့သြမှုမရှိဘဲ ကလေးတစ်ဦးကို တွေ့လိုက်ရသည်။
ရှန်းမင်း ဘယ်တုန်းကမှ မမျှော်လင့်ထားတာက
ကလေးဟာ သွေးတွေရွှံ့တွေဖုံးလွှမ်းနေပြီး မူလရုပ်သွင်ကို ရှင်းရှင်းလင်းလင်းမမြင်ရပေမယ့်
ကလေးရဲ့ရင်ဘတ်မှာ ပျော့ခွေနေပြီး ငြိမ်ကျနေတာကို
သူမြင်လိုက်ရတာပင်။ဒီကလေး အသက်ရှင်နေသေးတာလား!
ရှနိးမင်ရဲ့မတရားကောင်လွန်းနေတဲ့ သတိကြောင့်သာမဟုတ်လျှင် ဒီအခြေအနေတွေဆိုတာ သူပင်ပန်းပြီးမောသွားလို့ အိမ်မက်မက်နေတယ်ဟု ထင်မိမှာပင်။
သူ့လို ထိပ်တန်းကြေးစားတောင်ဒီတောအုပ်ထဲမှာ ရှက်ဖွယ်လိလိ ညှင်းပန်းခံနေရပေမယ့် ဒီ ၅နှစ် ၆နှစ်ကလေးက သက်သောင့်သက်သာတောင် အိပ်နေနိုင်သေး။
ဒီနေ့ရှန်းမင် တွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေကြောင့်သာမဟုတ်လျှင် ဒီကောင်ကလေးဘာလို့အသက်ရှင်နေလဲ ယောင်လို့တောင် တွေးနေမှာမဟုတ်။ကလေးခြေထောက်ကို ကိုင်ကာခြုံပုတ်ထဲကနေ ဆွဲထုတ်လိုက်တော့သည်။ ကလေးက လုံးတီးလေးဖြစ်ပြီး ငါးဖမ်းပုံပေါ်တင်နေသကဲ့သို့ ညှီစို့စို့ဖြစ်နေသည်။ ခန္ဓာကိုယ်ကို သွေးတွေနဲ့လွှမ်းနေပြီး
အသားစတွေပါပေကျံနေကာ နံဟောင်လို့
ညစ်ပတ်နေသည်။ကလေးမျက်နှာက အညစ်အကြေးတွေကို သူ့ရဲ့
ညစ်ပတ်နေတဲ့ လက်ဖြင့် ရှန်းမင်သုတ်ပေးလိုက်တော့မှ ဒီကလေးက အာရှသားပုံပေါက်ပြီး အရမ်းပိန်နေကာ ဝံပုလွေအူအပိုင်းအစတွေက သူ့ကိုယ်ပေါ်မှာ ရှိနေသေးသည်။ မြင်ရတာ အော်ကလီဆန်စရာကောင်းပြီး ညစ်ပတ်လွန်းသည်။ ကလေးရဲ့အသက်ရှုသံကို နားထောင်ကြည့်တော့ အသက်ရှုသံက ငြိမ်နေပြီး ကလေးခန္ဓာကိုယ်ကို ထိကြည့်တော့ ဘာဒဏ်ရာမှရှိမနေ။
ရှန်းမင် နည်းနည်းတောင် မနာလိုဖြစ်သွားရဲ့။