အပိုင်း - ၁၈
" မောင့်ရင်ခွင်ဝယ် ခိုနားမယ် "
" အသင်္ခရာရေ နင့်ပါးစပ်ကြီးကတစ်နေကုန်ဝါးနေတာ
ကိုမြင်ရတော့လေ ဆိတ်တွေအချိန်ပြည့်
မြက်ဝါးနေတာကိုပြေးပြေးမြင်မိတော့တာပဲ ၊
မိုးစလင်းပါပြီဆိုထဲက အငြိမ်မနေတဲ့နင့်ပါးစပ်ကြီးက
မိုးချုပ်တဲ့အထိလည်းအငြိမ်မနေဘူးနော် ၊ မသိရင်
နွားကြီးစားမြှုံ့ပြန်နေတာ ကျနေတာပဲတဲ့ "ဒီဖွားအေတစ်ယောက်နဲ့လည်း အသင်္ခရာ
စိတ်ညစ်လှပါ၏။*
*
*
*
*
*
*
*" ကြွေရုပ် ဒီနေ့ရော ဘာလုပ်ပေးမှာလဲ "
ညအိပ်ခါနီး အခန်းထဲမှာနှစ်ယောက်ထဲရှိနေသည့်
အချိန် ကိုယ်မေးလိုက်သည့်စကားကြောင့်
ကြွေရုပ်က ပြုံးပြလာကာ" ဒီညတော့ သခွားသီးလေးပဲကပ်ြပ်ီး အိပ်ကျရ
အောင်နော် "ကြွေရုပ်ပြောကာမှ ကုတင်ဘေးနားကစားပွဲခုံလေး
ပေါ်မှာ တင်ထားသည့် ပန်းကန်ပြားလေးတစ်ချပ်ကို
သတိထားမိသွားလေသည် ။ ပန်းကန်ထဲတွင်
သခွားသီးလေးတွေကို အကွင်းလိုက်ပါးပါးလေး
လှီးထားလေ၏ ။" ကြွေရုပ် မောင့်ကို အရင်ကပ်ပေးမယ်နော် "
" အင်း! အင်း! ကြွေရုပ်သဘောအတိုင်းပဲ "
ထို့နောက်မှာတော့ ကုတင်ပေါ်ပလက်အိပ်နေသည့်
အသင်္ခရာ့မျက်နှာပေါ်သို့ သခွားသီးအကွင်းလေး
တွေကို စီပြီတင်ပေးလာလေတော့သည် ။အမှန်ဆို ကြွေရုပ်က ညတိုင်း Skin Care
လုပ်နေကျ ။ အခုဗိုက်ကြီးလာကာမှာ ကိုယ့်ဘာသာ
ကိုယ် Skin Care ယုံတင်မကဘဲ ဦးရာရာကိုပါ
ကိုယ်လုပ်သလိုမျိုးလုပ်ပေးချင်စိတ်တွေ ပေါ်လာခြင်း
ဖြစ်သည် ။ ညဘက်ဆို အလှဆီတစ်မျိုးမျိုးလိမ်းတာ ၊
အခြားနည်းတွေနဲ့ Skin Careတာ ၊ သခွားသီးကပ် ၊ အာလူးကပ် ရှိရှိသမျှကြွေရုပ်လုပ်တာမှန်သမျှ
ဦးရာရာခမျာပါ ဝိုင်းပြီးဒုက္ခခံပေးနေရလေသည် ။တစ်ခါသား ဂျုံရယ် ၊ ကြက်ဥရယ် ၊ ပျားရည်ရယ် ၊
သံပုရာရည်ရယ်ကို ရောသမမွှေကာ ဦးရာရာ
မျက်နှာကိုပေါင်းတင်ပေးခဲ့လိုက်မိသည်။ ဂျုံတွေ
မခြောက်ခင်ကတော့ သိပ်မသိသာပေမယ့်
မျက်နှာပေါ်ကဂျုံတွေခြောက်သွားသည့်အချိန်
သူ့ခဗျာစကားပြောမရ ၊ ပါးစပ်ဟမရနှင့်
မျက်နှာပြင်ကို ဘိလပ်မြေတွေနှင့် တမံသလင်း
ကိုင်ထားသလို ဖြစ်နေခဲ့ဖူး၏ ။ ဒီကြားထဲ
ထိုမျက်နှာဖြူဖြူြကီးနှင့် ညဆယ်နာရီလောက်ကြီး
ထမင်းစားခန်းထဲ သူဝင်သွားမိသည့်အခါ
မီးဖိုချောင်သန့်ရှင်းရေးကူလုပ်ပေးနေသော
မိစုလေးက သရဲဆိုပြီးလန့်ကာ သတိမေ့သွားသဖြင့်
မနည်းကြီးနှာနှပ်ယူလိုက်ရသေး၏ ။
YOU ARE READING
မောင့်ရင်ခွင်ဝယ် ခိုနားမယ် ( Completed )