[Z]
ခရမ်းချဉ်သီးအရောင်ပမာ နီရဲနေသောနားရွက်လေးများမှာ ရေစက်ကလေးများသီတွဲနေလျက်ရှိသည် ။ ဆံနွယ်တွေကြားကိုထိုးစွပေးနေသော လက်ချောင်းများဟာ ရှန်ပူအမြှုပ်တွေကြား ညင်ညင်သာသာ ။ bath tub အတွင်း ကျောပြင်နှင့်ရင်ဖက် ထိကပ်လို့ အဝတ်မရှိသောခန္ဓာကိုယ်နှစ်ခုမှာလည်း လေတိုးပေါက်တောင်မရှိလောက်အောင်ထိစပ်နေသည် ။ ထယ်ဟျောင်းတစ်ယောက်ဒူးလေးနှစ်ဖက်ကို ပိုက်ထားမိရင်း လှုပ်တောင်မလှုပ်ရဲချေ ။ သူလှုပ်မိလိုက်တိုင်းလည်း သူ့ရဲ့တင်သားစိုင်တွေနဲ့ စေတန့်ရဲ့တစ်စုံတစ်ရာဟာ ထိတိုက်သွားတတ်၏ ။ ထိုအချိန်ဆိုထယ်ဟျောင်းကကျောလေးမတ်သွားတတ်ပြီး စေတန်ကတော့ပါးချိုင့်ရေးရေးပေါ်သည်အထိပြုံးတတ်သည် ။
ရှန်ပူအမြှုပ်တွေနဲ့လုံးထွေးနေသော ဆံနွယ်လေးများကို ရေနဲ့သေချာပြန်လောင်းပေးချိန်တွင်တော့ ကျောပြင်နဲ့ရင်ဖက်ကြား တကယ်လေတိုးပေါက်ပျောက်သွားတော့သည် ။ ထယ်ဟျောင်း၏ကျောပြင်လေးသည် ကြွက်သားအဖုအထစ်တို့နှင့်ပြည့်နက်နေသော ရင်ခွင်ကြီးနဲ့ထိကပ်နေရသည်ကြောင့် ထယ်ဟျောင်း အသည်းတွေယားလာ၏ ၊ မသိမသာလေး ကိုယ်လုံးလေးကိုရှေ့ကိုဖြေးဖြေးချင်းတိုးနေမိသည် ။
စေတန်သည်ထယ်ဟျောင်းဆံပင်လေးများကို ရေလောင်းပေးနေရင်း သူ့ရင်ခွင်ကနေဖြေးဖြေးချင်းခွာနေသော ကိုယ်လုံးလေးအား သတိထားမိသွားသည် ။ အဲ့လိုတွေသိပ်ရှက်နေတဲ့အခါ ဂျွန်စေတန်ကပိုလုပ်ချင်မိတာ ။
"ဟင် .. ဂျွန်စေ !"
နောက်ကနေ ခါးကို မ ကိုင်၍ ပြန်ဆွဲလိုက်တဲ့အခါ နူးညံ့နေတဲ့တင်သားစိုင်တွေကရေထဲက သူ့ရဲ့တစ်စိတ်တစ်ဒေသပေါ်ကို တက်ထိုင်ထားမိသလိုဖြစ်သွားသည် ။ ထယ်ဟျောင်း တစ်ကိုယ်လုံးဖြန်းခနဲရဲသွားသည်မှာ အသည်းယားချင်စရာ ။