[Unicode]
"တီ...တီ"
မှန်ချထားသော ကားမှန်ထဲမှလက်ထိုးထည့်ကာ ဆင့်ကာဆင့်ကာဟွန်းတီးချလိုက်သည်။အချိန်နီးကပ်လာသည်နှင့် လူကနေလို့ထိုင်လို့မရ သန့်စင်ခန်းပဲသွားချင်သလိုလို ငိုပဲငိုချင်လာသလိုလို ဘယ်ညာခေါက်တုံ့ခေါက်ပြန်လျှောက်နေသည်မှာ ခြေထောက်ပင်ညောင်းလာချေပြီဖြစ်သည်။
"ဘာကိစ္စဟွန်းဇွတ်တီးနေတာလဲ ဟျောင်း"
အင်္ကျီလက်ခေါက်ရင်းဆင်းလာသော ထယ်ယောင်းက ဝတ်စားထားသည်များကို ပြင်ဆင်ရင်းအေးအေးလူလူ ပြောလာသည်။နမ်ဂျွန်မှာသာတယောက်ထဲ အပူသည်လိုဖြစ်နေ၍ မင်းသားရှုံးအောင်ပြင်လာသော ထယ်ယောင်းကို စိုက်ကြည့်လိုက်သည်။
ကော်လံဖတ်တွင်ပုလဲလုံးလေးများ အနည်းငယ်စီထားသော ရှပ်အင်္ကျီအဖြူနှင့် ခဲပြာရောင်စတိုင်ပန်ကို ဝတ်ဆင်ထားသည်မှာ ငေးကြည့်ချင်စရာကောင်းအောင် ရှင်းသန့်နေသည်။သို့သော် နမ်ဂျွန်ကတော့ ညီဖြစ်သူ၏ အလှအပတွေကိုငေးကြည့်ပြီး ချီးကျူးဖို့စိတ်မဝင်စား နောက်စကားတခွန်းကိုခပ်ဆောင့်ဆောင့်မေးလိုက်သည်။
"သွားရတော့မယ်လေ ဘယ်မှာလဲနောက်တယောက်"
"လာပြီ လာပြီ"
အော်သံနှင့်အတူ ပြေးထွက်လာသော ဂျီမင်သည် အချိုးကျနေသော စတိုင်ပန်အနက်နှင့်ဖလန်နယ် ကွက်စိတ်ဒီဇိုင်းဆန်း ရှပ်အင်္ကျီကို ပေါ့ပေါ့ပါးပါးတွဲဝတ်ထားသည်။
ဖြူနုသောအသားရေ ပန်းရောင်ပြေးနေသောပါးမို့နှင့် နီမြန်းမြန်းနူတ်ခမ်းလေးက ပြုံးယောင်သန်းကာ ရိုးရှင်းသောဖက်ရှင်နှင့် လှပနေသော ကောင်လေးကို ထယ်ယောင်းကြည့်၍ ငေးခနဲဖြစ်သွားရသည်။
"မျက်လုံးကြီး အိမ်မှာကျွတ်ကျန်ခဲ့မယ် ကောက်ပြီးကားပေါ်တတ်"
နမ်ဂျွန်ဟျောင်းသည် ညီဖြစ်သူကိုရွဲ့ပြောကာ ကားပေါ်တတ်သွားသည်။ဂျီမင်ကတော့ ရှပ်လက်ရှည်ထဲစုံးစုံးမြုပ်နေသော သူ့လက်ကလေးများဖြင့် ပါးစပ်ကိုကွယ်ကာ ချစ်စရာကောင်းစွာရီနေသည်။
YOU ARE READING
STOLE MY HEART
Fanfictionအချစ်ကြမ်းမကျေကြသေးသော သူများကြား တဖြည်းဖြည်းရစ်တွယ်လာမဲ့ သံယောဇဉ်တွေဟာ ဘယ်လောက်ထိခိုင်မြဲမယ်လို့ ထင်ကြပါသလဲ...