"မဖြစ်သေးပါဘူး။ ဒီလ ကိုယ့်ကိုယ်ကိုယ် အလိုလိုက်နေတာ အရမ်းများနေပြီ။ ပါးစပ်ကလေးကို ဆင်ခြင်အုန်းမှပဲ ငါတော့"

"ဟိတ် ဘာတွေ ပွားနေတာလဲ တစ်ယောက်ထဲ"

ဌာနထဲက အစ်မတွေလှမ်းစမှ အသိဝင်လာတဲ့ခွန်းနစ်က ထမင်းချိုင့်ကိုယ်စီဆွဲလာသူတွေနေရာရစေရန် ကိုယ်ကို ကျုံ့ပေးလိုက်သည်။

"ကုဋေက စားရောပြီးရဲ့လား"

"ပြီးပြီအစ်မ။ ခုပဲ ပြန်လာတော့မလို့"

"အေးပါ။ ဟိုမှာလဲ ယုတစ်ယောက်ကျန်တော့တယ်။ အတွင်းလူနာတွေဖက်မှာရှင်းရင် ပြင်ပလူနာဌာနကို တစ်ချက်ကူလိုက်အုန်း။ ယုတော့ အစာလွန်နေတော့မှာပဲ"

"ကျွန်တော် ဝင်ပေးလိုက်မယ်။ အဲ့ဒါဆို စားတော့နော် အစ်မတို့။ ကျွန်တော်သွားပြီ"

"အေးအေး "

"ဘိုင့် ကုဋေ"

အစ်မတွေကို နှုတ်ဆက်ပြီးတာနှင့် ထမင်းစားလက်စ ပုံစံခွက်ကို ကန်တင်းမှာ ပြန်ပေးလိုက်သည်။ ပြီးတာနှင့် ဆောင်နေကျရေဘူးအသေးလေးကို ဂျူတီကုတ်အိတ်ထောင်ထဲ ထိုးထည့်ကာ ဌာနကိုပြန်ဖို့လုပ်လိုက်၏။ ပုံမှန်ဆို ခွန်းနစ်က စားပြီးတာနှင့် ပလုပ်ကျင်းဖို့ သန့်စင်ခန်းဝင်လေ့ရှိသော်လည်း စောစောက "ယုတော့ အစာလွန်နေတော့မှာပဲ" ဆိုသည့် စကားသံကို ပြန်ကြားယောင်လာသည့်အခါ အချိန်ထပ်မယူဖို့သာ ဆုံးဖြတ်လိုက်သည်။

"ဟဲ့ ဟိုမှာ ဆရာဟိန်းလာပြီ"

"ဟမ် ဘယ်မှာလဲ ဘယ်မှာလဲ"

"ဟိုမှာလေ...အော် ပြင်ပလူနာဌာနထဲ ဝင်သွားပြီဟ"

အပြိုင်ဆိုင် ပြောဆိုနေကြသည့် ဝန်ထမ်းတွေကြား ခွန်းနစ်ပါ စပ်စပ်စုစုနှင့် ပြင်ပလူနာဆောင်ဘက်ကို လှမ်းကြည့်လိုက်မိသေးသည်။ သူတို့ပြောနေသည့် ဆရာဟိန်းဆိုတာ သေချာသလောက်တော့ ခုတလောနာမည်ကြီးနေသည့် ဆရာဝန်ပဲဖြစ်လိမ့်မည်ထင်၏။ နှမြောစရာကောင်းစွာပဲ Pharmacy က ပြင်ပလူနာဆောင်၏ အပြင်မှာရှိနေသည်မို့ ထပ်ပြီး ကြည့်ရအောင် အခွင့်မသာပဲ ဖြစ်သွားသည်။

"ယု နင်သွားစားလိုက်တော့။ ငါ ဝင်ပေးလိုက်မယ်"

"ရပါတယ်ဟာ။ နင်လဲ နင့်ဟာနင်ရှုပ်နေမှာကို"

friEND(COMPLETED)Where stories live. Discover now