Unicode~
Karl ကို စစတွေ့ချင်းတည်းက ကိုယ့်ကို အိပ်မက်ကနေ လှုပ်နှိုးမည့်သူတစ်ယောက်အနေနှင့် အတွေးထဲရှိနေခဲ့တာ။
တကယ်တမ်းကျ Karlက လှုပ်နှိုးတာမဟုတ်၊ ကိုယ်ကသာ အသာတကြည်နှင့် အိပ်မက်ငယ်အား Karlလက်ထဲ ထည့်ပေးလိုက်ရခြင်း။ရင်ကွဲနာကျခြင်းဆိုသည့်စကားအား သူနားမလည်ခဲ့ပါ။ အခုတော့ဖြင့် သူခံစားလို့ရနေပြီဖြစ်သည်။ မကြာခင်မှာ ရင်ကွဲနာကျပြီးသေမည့်သူဟာ သူဖြစ်သွားနိုင်ပါရဲ့။
"ထွက်သွားတော့.. ကျုပ်အတည်ပြောနေတာ"
"မောင်အခက်အခဲရှိနေလို့မလား။ ငါ ဘာလင်ကို စာရေးလိုက်မယ်လေ။ ငါတို့အခက်အခဲဖြစ်နေတယ်ဆို Daddyက ကူညီမှာပါ"
"တော်စမ်း.. Kim Taehyung. ခင်ဗျားအဖေရဲ့ ပေးစာကမ်းစာတွေ ကျုပ်မလိုချင်ဘူး။ ခင်ဗျားရှိနေတာကိုက ကျုပ်အတွက် ဝန်ထုပ်ဝန်ပိုးပဲ"
"မောင်စိတ်ရင်းနဲ့ ပြောနေတာလား"
"အင်း.."
Kim Taehyungနှင့် အကြည့်ချင်းမဆုံနိုင်သည့်အတွက် သူ့အကြည့်များကို အဝေးတစ်နေရာပို့ထားရသည်။ သည်အချိန်က ထိလွယ်ရှလွယ်။ စိမ်းညိုညိုမျက်လုံးများကို မြင်လိုက်သည်နှင့် သူစိတ်တင်းဆုံးဖြတ်ထားသမျှ ပျက်စီးသွားနိုင်သည်။
မနက်ဖြန်မနက်ထိပဲ စိတ်တင်းထားလိုက်ရအောင်။ မျက်ရည်ကျစရာရှိရင် နောက်နေ့မှ ကျတာပေါ့။ Kim Taehyungမရှိမှ လွတ်လွတ်လွတ်လပ်လပ်ငိုတာပေါ့။
ချစ်ခြင်းများဟာ စွန့်လွှတ်ပေးခြင်းသို့ အသွင်ပြောင်းခဲ့လျှင် မည်မျှခက်ခဲသည်ဆိုသည်အား သူသဘောပေါက်နေခဲ့သည်။ ကိုယ့်ချစ်သူကောင်းစားရေးအတွက် စွန့်လွှတ်ပေးတာမျိုး.. ပုံပြင်ဇာတ်လမ်းတွေထဲ သိပ်လွယ်သလောက် လက်တွေ့ဘဝမှာတော့ မချိမဆန့်သာသော ဝေဒနာတွေဟာ ရင်နှင့်အမျှ အပြည့်။
"အစ်ကို.. အစ်ကိုပြောတဲ့ ဗိုလ်လေးKarlက မရှိဘူး"
Adlerက အော်ပြောရင်းနှင့်ပင် အိမ်ထဲဝင်လာသည်။ စနောက်နေသည့်အကြောင်းမဟုတ်၊ လက်တွေ့ဖြစ်နေတယ်ဆိုတာကို သိလိုက်ရတော့ Taehyung သိသိသာသာ မျက်နှာပျက်သွားလေ၏။
YOU ARE READING
𝐋𝑢𝑐𝑖𝑑 𝐃𝑟𝑒𝑎𝑚
FanfictionI might be able to unfold the actions. Awareness of being a dream can't help me awake. As long as it's you.., I'd be gladly stuck. You're my 'Lucid Dream' but still can't I get rid of you.. Kookv JJK x KTH [Disclaimer : This is just a fiction and no...