ခုနက တာဝန်ရှိသူက Taehyungကို ​ပြောလာသည်။ ဒါက ​ဒေါသကို မဆူဆူပွက်အောင် လာဆွ​နေသကဲ့သို့။ ​လေသံ၊ မျက်နှာ​ပေး.. အရာရာက စိတ်တိုစရာအတိ။ ​မောင့်ကိုသာ အာရုံမစိုက်လည်းရသည့်အ​နေအထားဆို ထိုလူကြီးကို သူ​သေကိုယ်​သေ ပိတ်ထိုးပစ်ချင်သည်။

"စကားကို ဆင်ခြင်​ပြောပါ။ ဒါလူတစ်​ယောက်လုံးရဲ့ အသက်အန္တရာယ်နဲ့ဆိုင်တဲ့ကိစ္စ။ ခင်ဗျားသာ ​သူ့​နေရာဆို ဘယ်လို​နေမလဲ ​တွေးကြည့်ပါလား"

"လူကြည့်​တော့ မ​လောက်​လေးမ​လောက်စားနဲ့ ​တော်​တော်စကားတတ်​နေတယ်​ပေါ့ ဟုတ်လား"

​မောင့်မျက်လုံးများက ​ကောင်း​ကောင်းမဖွင့်​တော့။ ဤအ​ခြေအ​နေမှာ Taehyung ထိုလူကြီးနှင့် စကားနိုင်မလုနိုင်​သေး။

​မောင့်ဒဏ်ရာက အ​တော်​လေးပြင်းထန်ပြီး ​သွေးထွက်လွန်​နေသည်။ အလုပ်သမားအချို့က ​သွေးတိတ်​အောင် အမျိုးမျိုးလုပ်​ပေး​နေကြ​သော်လည်း ကျွမ်းကျင်သူများ မဟုတ်သည့်အတွက် စိတ်ချရ​သော အ​ခြေအ​နေမဟုတ်ပါ​ချေ။

"ဟိုအကျဥ်းသား​တွေက ​ခြေထိတ်တန်းလန်း​တွေနဲ့ဆို​တော့ လမ်း​လျှောက်ရတာ ကိုးလိုးကန့်လန့်ဖြစ်​နေတာကိုး..၊ တိုက်မိကုန်​တော့တာ​ပေါ့"

အလုပ်သမားများက သူတို့အချင်းချင်း​ပြောဆိုလို့။ ထိုစကားများထဲမှ Taehyung အကဲခတ်မိသ​လောက် ငြမ်းစင်​ပေါ် အလုပ်လုပ်ကြရင်း အကျဥ်းသားတစ်​ယောက်က ​မောင့်ကို တိုက်ချမိဟန်။
Taehyung အခုအချိန်မှာ ဘယ်သူ့ကိုမှ အပြစ်မတင်ချင်ပါ၊ အပြစ်တင်ဖို့ရာလည်း အားမရှိ​သေးပါ။

​မောင်အသက်အန္တရာယ်မှ ​ကျော်လွှားနိုင်ရန်သာ ရှိရှိသမျှ ဘုရား​တွေဆီ ဆု​တောင်းမိလျက်။ ​​မောင်က လုံးလုံးလျားလျား သတိ​မေ့သွား​ချေပြီ။ ငြမ်းစင်​ဆောက်ထား​သော ဝါးအစအနတချို့ ​မောင့်ဗိုက်ထဲ ထိုးစိုက်​နေသည်က အဓိကဒဏ်ရာဖြစ်သည်။
အထင်မမှားဘူးဆိုရင် ​မောင့်​ခြေ​ထောက်ကိုလည်း ထိသွားဟန်။

မမြင်ရက်​သော်ငြား မြင်​နေရသည်၊ မကြည့်ရက်​သောငြား ကြည့်​နေရသည်။ ​မောင့်ဝမ်းဗိုက်ကို သူဖိကပ်ကိုင်တွယ်​တော့ ​​သွေးညစ်ညစ်များ သူ့လက်ဖဝါးမှာ ​ပေကုန်၏။ ​မောင့်​ရဲ့သွေးနီနီ​တွေကို သူမြင်​နေရတာ ရူး​တော့မလိုပဲ။
ကြက်​ခြေနီအသင်းက မ​ရောက်မချင်း ဤသို့ ပစ်ထားနိုင်ကြသည်တဲ့လား။ တစ်ခုခုမလုပ်​ပေးကြ​တော့ဘူးလား။

𝐋𝑢𝑐𝑖𝑑 𝐃𝑟𝑒𝑎𝑚 Where stories live. Discover now