Unicode~
"ဟိုဘက်မှာ ငြမ်းစင်ပေါ်က တစ်ယောက်ပြုတ်ကျလို့တဲ့!"
ထိုအသံနှင့်အတူ တစ်နေရာသို့ လူများစုဝေးရောက်ရှိကုန်၏။ Taehyung ဘာရယ်မဟုတ် ထိုနေရာသို့ အကြည့်ရောက်သွားသည်။
နှာဖျားဝမှာ သွေးညှီနံ့ဝေ့သီလာလျှင် ခေါင်းက နောက်ချင်ချင်။"JungKook! ဘယ်လိုဖြစ်တာလဲ"
'JungKook' ဆိုတဲ့အသံကြောင့် နားထင်ထိသွေးဆောင့်တက်သွားသည်။ အခု သူမောင့်နာမည်ကို ကြားလိုက်ရတာလား။ မဟုတ်မှလွဲရော.. ငြမ်းစင်ပေါ်က ပြုတ်ကျသူဟာ မောင်တော့ မဟုတ်လောက်ပါဘူးနော်။
Taehyung သူ့ဘေးက ဖြတ်သွားသူ၏ လက်ဖျံကို ဆတ်ခနဲဆွဲကာ ရပ်တန့်စေသည်။ ထိုသူက သူ့ကို နားမလည်သလိုအကြည့်ဖြင့် ကြည့်လေ၏။
"အခု.. အခု ငြမ်းစင်ပေါ်က ပြုတ်ကျတာ ဘယ်သူလဲ"
"Jeon JungKookလေ မင်းသူ့ကို သိလို့လား"
"မောင်.. မဟုတ်ဘူး မဖြစ်ရဘူး"
စိုးရိမ်ဇောနှင့် မောင်ပြုတ်ကျသည့်နေရာကို ရောက်မှန်းမသိရောက်သွားသည်။ မြေမှုန့် ကျောက်မှုန့်ကြမ်းကြမ်းများကြောင့် ခြေထိပ်များ ပွန်းပဲ့ကုန်၏။ သွေးထွက်လားမထွက်လား သူမကြည့်အားပါ။ သူ့တစ်ကိုယ်လုံးဟာ တောင့်တင်းထုံကျဥ်လျက်။
"အကျဥ်းသားဆိုတဲ့ကောင်တွေ၊ အလုပ်လုပ်တာ သောက်သုံးကိုမကျတာ။ ဒင်းတို့ကြောင့် အလကားနေရင်း လူတစ်ယောက်ဒဏ်ရာရပြီ"
မြည်တွန်တောက်တီးနေသော လူတစ်ယောက်၏အသံ။ ဤနေရာမှာ တာဝန်ရှိသူဟု ထင်ရသည်။ လူတစ်ယောက်လုံး ဒဏ်ရာရနေသည်ကို သူဟာ ကြည့်မနေ၊ အရေးစိုက်မနေ။ အကျဥ်းသားများကိုသာ အပြစ်ပုံချလျက် ဆူဆဲလျက်။
"ဘယ်လို ဖြစ်ရတာလဲ။ မောင်..မောင်! ငါခေါ်နေတာ ကြားလား။ ဒီမှာ သွေးထွက်လွန်နေတယ် ဆေးရုံပို့ဖို့ပြင်ကြလေ"
"ခုနနေ ကြက်ခြေနီက လာလိမ့်မယ်။ ဆေးရုံပို့ဖို့တော့ ငါတို့အချိန်ရမနေဘူး"
YOU ARE READING
𝐋𝑢𝑐𝑖𝑑 𝐃𝑟𝑒𝑎𝑚
FanfictionI might be able to unfold the actions. Awareness of being a dream can't help me awake. As long as it's you.., I'd be gladly stuck. You're my 'Lucid Dream' but still can't I get rid of you.. Kookv JJK x KTH [Disclaimer : This is just a fiction and no...