[Unicode]
ဟောလိုဝင်းပြီး၍ နောက်တရက်မှာပင် ပါးပါးနှင့်အမယူရီတို့သည် အလုပ်ကိစ္စပေါ်ကာ ဝါရှင်တန်သို့တန်းပြန်သွားကြသည်။အောက်တိုဘာကုန်လို့ နိုဝင်ဘာထဲရောက်လာသည်နှင့် အအေးဓာတ်ကပိုလာကာ ပိုထူတဲ့အနွေးထည် ခြေအိတ် လက်အိတ်နှင့်ခေါင်းစွပ်တွေကို တဖြည်းဖြည်း အစားထိုးလာရသည်။
"ဒေါက် ဒေါက်"
"ဝင်ခဲ့"
အခန်းတံခါးခေါက်သံကြောင့် ဂျီမင်ခွင့်ပြုလိုက်လျှင် ထယ်ယောင်းသည် အခန်းတံခါးအသာဟကာ ဟီခနဲရီပြ၍ ဝင်လာသည်။တယောက်ခံစားချက်ကိုတယောက် ဖွင့်လှစ်ပြီးသည်နောက် နှစ်ဉီးကြားစည်းကမ်းတချို့ထားတတ်ရန် ပြောထားခဲ့သည်။ဥပမာ အခန်းတံခါးမခေါက်ပဲ အထဲဇွတ်ဝင်တာမျိုးပေါ့။
"ပြင်ပြီးပြီလား သွားရအောင်"
သူတို့Tuckerကားလေးမှာ ဆေးရုံဆင်းပြီဖြစ်၍ ခုဆိုကျောင်းကို ထိုကားလေးနှင့်သာ သက်သောင့်သက်သာသွားကြသည်။ထယ်ယောင်းကတော့ ကားမောင်းသင်ခိုင်းဖို့ကို ဇွဲမလျော့သေးပေ။
"ညနေ ကားမောင်းသင်ပေးမယ်လို့ပြောထားတာ ကတိမဖြတ်နဲ့နော် ဂျီမင်"
"နောက်မှသင်လို့မရဘူးလား ထယ်ယောင်းရ စာမေးပွဲကနီးနေပြီ"
"မင်းပဲ သင်ပေးမယ်ပြောထားပြီးတော့ အာ့လိုမလုပ်နဲ့ဂျီမင်ရာ"
လူကောင်ကြီးသလောက် နူတ်ခမ်းဆူပြီးပြောနေပုံက ရီချင်စရာကောင်းသည်။ကားမောင်းနေရင် ဂျီမင်ပြုံးစိစိဖြစ်သွားသည်ကို ထယ်ယောင်းတွေ့လိုက်သည်နှင့် သူ့ခြေတံရှည်ကြီးများကို ဂျီမင်ပေါင်ပေါ်ပစ်တင်ကာ လူက ကားတံခါးဘေးဘောင်ကို မှီ၍ စူပုတ်ပုတ်နှင့်စိုက်ကြည့်နေသည်။
"ထယ်ယောင်းရ ကားတံခါးကိုဇွတ်မှီမနေနဲ့ ပွင့်ထွက်သွားမှမျိုးကန်းနေမယ်"
ဂျီမင်သည် ကားဂရုတစိုက်မောင်းနေရင်းမှ ထယ်ယောင်းအားလှည့်စိတ်ပူနေရသေးသည်။မကြာပါ ရူပ်ထွေးတဲ့လမ်းနှင့်မီးပွိုင့်များစွာကို ဖြတ်မောင်းပြီးနောက် ကျောင်းနားရောက်လာကာ ကျောင်းဝင်းထဲကွေ့ဝင်ရင်း ကားပါကင်ရှိရာသို့ မောင်းလာခဲ့သည်။
YOU ARE READING
STOLE MY HEART
Fanfictionအချစ်ကြမ်းမကျေကြသေးသော သူများကြား တဖြည်းဖြည်းရစ်တွယ်လာမဲ့ သံယောဇဉ်တွေဟာ ဘယ်လောက်ထိခိုင်မြဲမယ်လို့ ထင်ကြပါသလဲ...