[Z]
ရုတ်တရက်ကြီးဝုန်းဒိုင်းကြဲပြီးကိုရီးယားကိုပြန်လာခဲ့ရသည်၊
သုံးရက်တောင်ပြည့်အောင်မနေလိုက်ရချေ ၊အမေဖြစ်သူကျန်းမာရေးမကောင်းလို့ဆေးရုံ
တင်ထားရကြောင်း အဖေမှလှမ်းပြောလာ၍
ထယ်ဟျောင်းခမျာ ဆောက်တည်ရာမရ ။ဖိုးကိုတော့ ဟိုလှည့်ဒီလှည့်သာပြောခဲ့လိုက်သည်။
မဟုတ်ရင် စိတ်ပူနေရမည်မဟုတ်ပါလား ၊
ဘာမှကြီးကြီးမားမားမဖြစ်ပါစေနဲ့ သာဆုတောင်းနေရ၏ ။
လေဆိပ်က ဆင်းတော့ ညနေစောင်းနေပြီဖြစ်သည် ..
အစကစေတန်ပါဆေးရုံကိုလိုက်ခဲ့မလို့ ပေမယ့်
ကုမ္ပဏီက အရေးကြီးကိစ္စပေါ်လာတာကြောင့်
ထယ်ဟျောင်းကပဲ ကုမ္ပဏီကိုသွားရန် ပြောခဲ့သည် ။အစကတော့ ပေကပ်ပြီးဆေးရုံကိုလိုက်ပို့မယ်ချည်း
လုပ်နေသေးတာ ၊ ပြဿနာကသူလာမှဖြစ်မှာဆိုတာသိသိကြီးနဲ့ ။
ထယ်ဟျောင်းက ကုမ္ပဏီကိုအတင်းသွားခိုင်းခဲ့ရတာ ၊မိုးပြာရောင်ဂျင်းဘောင်းဘီလေးနှင့် ခြေတံသွယ်
တစ်စုံသည် အပြေးလှမ်းနေ၏ ။ အသိနောက်ကျခြင်း
ကြောင့်လည်း ကိုယ့်ကိုကိုယ်အပြစ်တင်လို့မဆုံး ။'ဂျောက်'
အခန်းတံခါးကိုဖွင့်လိုက်ချိန် ပထမဆုံးမြင်လိုက်ရတာက
ဖခင်ဖြစ်သူ၏ ကျောပြင်ဖြစ်သည် ၊ ထယ်ဟျောင်း၏
လက်ဖျားလေးများ တုန်လှုပ်သွားမိသည် ။ ထို့နောက်
ထယ်ဟျောင်း၏ အကြည့်တွေဟာ ကုတင်ပေါ်တွင်
အိပ်မောကျနေသော မိခင်ဖြစ်သူဆီကိုရောက်သွားခိုက်
မျက်ရည်ကြည်လေးများ ဝေ့သီလာသည် ။"အမေ .."
ဖွဖွကလေး ၊ ညင်ညင်သာသာလေးခေါ်ကာ အနားကို
သွားရန်ပြင်လိုက်ပေမယ့် ရုတ်တရက်ထယ်ဟျောင်းရဲ့
ကိုယ်လုံးလေးဟာပခုံးမှဆောင့်တွန်းခံလိုက်ရသည် ။"အ့"
နောက်ကိုနှစ်လှမ်းလောက်ဆုတ်သွားပြီးမှ
သူ့အားတွန်းလိုက်သည့် ဖခင်ဖြစ်သူ၏
မျက်နှာကိုမော့ကြည့်လိုက်လျှင် သူ၏ဖခင်သည်
မီးဝန်းဝန်းတောက်နေသောမျက်ဝန်းများဖြင့်
သူ့ကိုစိုက်ကြည့်နေသည် ။ ထို့နောက် သူ့အား
လက်ညှိုးငေါက်ငေါက်ထိုးကာ ၊