[Unicode]
ဂျီမင်သည် အတန်းချိန်များပြီးသည်နှင့် ကားပါကင်နားရှိအပင်တခုအောက်ခုံတန်းပေါ်တွင်ထိုင်ကာ ထယ်ယောင်းအား လာစောင့်နေခြင်းဖြစ်သည်။ဟိုဆော့ဟျောင့်ကတော့ အတန်းပြီးသည်နှင့် အဆောင်သို့ပြန်သွားလေသည်။မသွားခင် သူ့အားအလည်ခေါ်နေသေး၏။နောက်မှ ထယ်ယောင်းနှင့်လာခဲ့မည့်အကြောင်းပြောကာ ထွက်လာခဲ့လိုက်သည်။
အတန်းချိန်တွေ ကုန်သလောက်ဖြစ်၍ ကျောင်းဝန်းထဲကျောင်းသူ/သားများ နည်းပါးနေပြီဖြစ်ကာ ကျန်ခဲ့သောသူများမှာ အုပ်စုလိုက်ဖြစ်စေ တယောက်တည်းဖြစ်စေ ကိုယ့်အုပ်စုနဲ့ကို အေးအေးလူလူနေနေကြသည်။သူထိုင်နေသော ကားပါကင်ဘေး ပန်းခြံထဲတွင်ပင် ကျောင်းသားတစုအဝတ်စများခင်းကာ ဂီတာတီးနေကြသည်။
🎵When I was young
I'd listen to the radio~~
Waitin' for my favorite songs~
When they played I'd sing along~~
It made me smile~~🎵Carpentersသီချင်းကို ကျောင်းသား တယောက်ကတီးကာ ကျောင်းသူတယောက်က ဆိုနေလေသည်။ထိုကျောင်းသူအသံမှာ carpentersကိုမမှီပေမဲ့ စည်းချက်ကျတာ အတော်လေးတော့နားထောင်ကောင်းသည်။
ထိုစဉ်....
"ဘုတ်"
ပေါင်ပေါ်တင်ထားသော လွယ်အိတ်ပေါ်သို့ တစုံတခုကျလာသည့်အသံကို ကြားလိုက်ရ၍ ငုံကြည့်လိုက်မိသည်။
ချောကလတ်လေး တတောင့်...။တနည်း ရထားပေါ်တွင် ထယ်ယောင်းကျွေးခဲ့သော ချောကလတ်မျိုးပင်ဖြစ်သည်။
ထို့ကြောင့် ဂျီမင်မှာတချက်ပြုံးကာ ချောကလတ်တောင့်ကို ကိုင်၍ လှည့်ကြည့်မည်အလုပ် တစုံတယောက်၏လက်ဖြင့် သူ့မျက်လုံးကို ကာဆီးချင်းခံလိုက်ရသည်။"ထယ်ယောင်းမလား"
ဂျီမင်သည် သူ့မျက်လုံးပေါ်ကခပ်ဖွဖွ အုပ်ထားသောလက်ချောင်းမျာကို အသာပွတ်သတ်ကြည့်လိုက်သည်။
"မင်းပါပဲ ငါ့ကိုလိမ်မရပါဘူး"
"ဟားဟားဟား"
ထိုအခါမှ ထယ်ယောင်းသည် တဟားဟားအော်ရီကာ သူ့နံဘေးဝင်ထိုင်တော့သည်။တနေကုန် အတန်းတတ်နေရ၍ မနက်ကပြင်ဆင်လာသော သူ့ပုံစံမှာ အနည်းငယ်ဖရိုဖရဲဖြစ်နေသော်လဲ ထယ်ယောင်းကမှု ကျောင်းလာခါစကလိုပင် ချောမောနေသေးသည်။မနာလိုချင်စရာကောင်းသည်။ဘယ်လိုနေနေ ဘယ်လိုဝတ်စားထားထား ရုပ်ဆိုးသွားတယ်မရှိ။မနက်ကကျောင်းအလာ ကျောင်းသူလေးတွေဝိုင်းကြည့်နေတာကပင် သက်သေတခုလိုဖြစ်နေသည်။
YOU ARE READING
STOLE MY HEART
Fanfictionအချစ်ကြမ်းမကျေကြသေးသော သူများကြား တဖြည်းဖြည်းရစ်တွယ်လာမဲ့ သံယောဇဉ်တွေဟာ ဘယ်လောက်ထိခိုင်မြဲမယ်လို့ ထင်ကြပါသလဲ...