Chapter-9

9.9K 1.1K 47
                                    

Unicode

တိမ်ညိုလေးနှင့် ဝေးကွာခြင်း

တစ်နှစ်တာ၏ အပူဆုံးကာလသို့ရောက်ရန် လအနည်းငယ်သာ လိုဝောာ့သည်။ နှစ်စဉ်ပူနေကျနွေက ဒီနှစ်လည်း နည်းနည်းမှ အလျော့ပေးမည့်ပုံမပေါ်။ တဖျတ်ဖျတ်ယပ်ခတ်နေသော စာအုပ်ပင် ကျိုးကြေလုနီးပါးဖြစ်နေသော်လည်း ခဏလောက်နားလိုက်တာနှင့် ချွေးဒီးဒီးကျလာနိုင်သည်မို့ ဆက်တိုက်ခပ်နေရသည်။

"ဒီပုစ္ဆာက စောစောကဟာနဲ့အတူတူပဲ။ အေး စာမေးပွဲမှာ တစ်ပုံစံထဲ ပါမယ်လို့တော့ မပြောဘူးနော်။ ကျောင်းသားက ဘာမေးမေးဖြေကိုဖြေနိုင်ရမယ်"

နွေလည်ခေါင်ကြီး မိုးကျိုးပစ်တယ်ဆိုတာ ဒါမျိုးကို ပြောဝာာပဲဖြစ်ရမည်။ သင်္ချာဆရာမ၏ စကားအဆုံး ပူလွန်းလို့နောက်နေသောခေါင်းက ပို၍တောင် ချာချာလည်လို့သွား၏။တွေးကြည့်လျှင် သိပ်တော့လည်း မထူးပါ။ ဒီဆရာမက စာမေးပွဲတိုင်းမှာ ဉာဏ်စမ်းတွေထည့်ပြီး ဂုဏ်ထူးမှတ်ကို ဖြတ်ချလေ့ရှိသည်ကိုး။ ဒါကြောင့်လဲ ခွန်းနစ်က သူ့ရဲ့အထက်တန်းကျောင်းသားဘဝမှာ တစ်ကြိမ်လေးတောင် သင်္ချာ ဂုဏ်ထူးမထွက်တာဖြစ်သည်။

"အားလုံး မတ်တပ်ရပ် ဆရာမကို နှုတ်ဆက်!!"

"မင်္ဂလာပါဆရာမ ကျေးဇူးတင်ပါတယ် ဆရာမ"

ကျယ်လောင်သော နှုတ်ဆက်သံအဆုံးမှာ ကျောင်းသားထုရဲ့ ညည်းညူသံတွေဆက်တိုက်ဝင်လာသည်။ တချို့က သင်္ချာစာမေးပွဲအကြောင်း ၊ တချို့က ရာသီဥတုအကြောင်း အပြင်းအထန် မကျေနပ်ချက်တွေဖော်ထုတ်နေကြ၏။ ကျောင်းသားတချို့ဆိုလျှင် ပုဆိုးများကို ပေါင်ရင်းထိ မ တင်ကာ လေရအောင် ယပ်ခတ်နေကြတာတွေ ရှိသေးသည်။

"သူဇာ နင် ငါ့ဟာရေးပြီးပြီလား"

"အယ် ငါ ငါစာအုပ် အိမ်မှာကျန်ခဲ့တာဟာ"

"မနက်ဖြန်တော့ ယူလာနော်။ ငါ ဟန်သူရကိုလဲ ရေးဖို့ပြောထားသေးလို့။ ပြီးတော့ နင် နင် တခြားသူတွေရေးတာကို လျှောက်မဖတ်နဲ့နော်"

"အေးပါဟ ။ ဘာလဲ နင်က သပ်သပ်မဲ့ ဟန်သူရကို နောက်ဆုံးမှ ရေးခိုင်းတာမို့လား ငါသိတယ်နော် ဟိဟိ"

friEND(COMPLETED)Where stories live. Discover now