[Unicode]
တဂျွီဂျွီအော်နေသော ညည်းကောင်လေးများနှင့်အပြိုင် တအွတ်အွတ်မြည်သံဖြင့် သက်ဝင်လှုပ်ရှားတော့မည့် ညဇီးကွက်များ၏ အသံက တိတ်ဆိတ်နေသောညချမ်းအချိန်အခါ၌ ချောက်ချားဖွယ်ထွက်ပေါ်နေသည်။သူ ထယ်ယောင်းတို့အိမ်ရောက်နေသည်မှာ အောက်တိုဘာ ပထမပတ်ပင် ကျော်လာလေပြီ။
သူ့ပါးပါးလည်း ခွင့်ရက်စေ့ကာ ဝါရှင်တန်သို့ပြန်သွားခဲ့သည်။သိပ်မကြာခင် အပ်ရတော့မည့် ကျောင်းအတွက်လည်း ပါးပါးမှ အကုန်စီစဉ်ပေးခဲ့သည်။အော် အန်ကယ်ကင်နှင့်တိုင်ပင်၍လည်း သူ့အားဒီအိမ်မှာပင်ဆက်နေခိုင်းခဲ့သည်။ခုဆို ဒီအိမ်၏ ဧည့်သည်အဖြစ်ကနေ အိမ်သားတယောက်ဖြစ်လာတော့သည်။
"ဂျီ ဂျီမင်ရ မင်း ဘယ်မှာလဲ"
"ဟူးးး"
မှန်တံခါး အသာလေးဟပြီးမှ ဝရန်တာမှာ ခဏထွက်ထိုင်ကာ ဆေးလိပ်သောက် လေညှင်းခံနေရင်းကို အထဲမှာမတွေ့၍ လိုက်ရှာနေပြန်သည်။အပင်ပန်းခံပြီး စပျစ်ခြံမှာနေ့စား သွားလုပ်နေသည်မှာ တပတ်ခန့်ရှိလာ၍ အလုပ်ဒဏ်ပိ၍ ဖျားနေပြီဖြစ်သည်။
"ငါ ဒီမှာ ဘာလိုလို့လဲ"
"ခဏ...ခဏ လာခဲ့"
သောက်လက်စဆေးလိပ်ကို ဆေးလိပ်ခွက်ထဲတချက်ဖိချေပြီး အခန်းဆီပြန်လှည့်ကာ မှန်တံခါးကိုဖွင့်လိုက်သည်နှင့် အပြင်မှလေအေးအေးများ အခန်းထဲသို့ တဟုန်ထိုးပြေးဝင်သည်။
"ဖွင့်ထားလိုက်ပါလား"
"ဘာလို့ဖွင့်ထားရမှာလဲ နေကောင်းသေးတာလဲ မဟုတ်ဘဲနဲ့ အပြင်မှာတအားအေးနေတယ်"
"အပြင်မှာအေးနေရင် မင်း ဘာလို့အနွေးထည်အပါးနဲ့ နေနေတာလဲ"
ကုတင်ခေါင်းရင်းတွင် ခေါင်းအုံးကိုနောက်ကျောခုကာ စောင်ပုံထဲထိုင်နေသော ထယ်ယောင်းသည် မျက်မှောင်ကြီးကျုံ့ကာ မေးလေသည်။
"ငါအအေးဓာတ်ခံနိုင်တယ် ထားပါ မင်း ဘာလိုလို့လဲ"
"ထားလိုက်တော့ မင်းသာငါ့နားလာခဲ့"
YOU ARE READING
STOLE MY HEART
Fanfictionအချစ်ကြမ်းမကျေကြသေးသော သူများကြား တဖြည်းဖြည်းရစ်တွယ်လာမဲ့ သံယောဇဉ်တွေဟာ ဘယ်လောက်ထိခိုင်မြဲမယ်လို့ ထင်ကြပါသလဲ...