[Unicode]
နေ့လည် အိမ်ပြန်ရောက်ကတည်းက ဂျီမင် အခန်းထဲဝင်သွားသည်မှာ ညနေစောင်းအထိပြန်ထွက်မလာသေးဟုဆိုကြသည်။သူဂျီမင်ကို အိမ်ပြန်ပို့ပြီးသည့်နောက် စပျစ်ခြံသို့ပြန်သွားခဲ့ရာ နေစောင်းမှပင်ပြန်လာခဲ့ရသည်။ထို့ပြင် ဒယ်ဒီနှင့် အန်ကယ်ပတ်တို့၏ မေးမြန်းမှုများကိုလည်း ကြည့်ကောင်းအောင်ဖြေထားရသည်။ဂျီမင်ကို အခန်းထဲဝင်ကြည့်ရန်မှာလဲ ရေချိုးခန်းတံခါးရော အိပ်ခန်းတံခါးပါ လော့ချထား၍ ဝင်ကြည့်လို့မရ။
သူ့အခန်းဝရန်တာကနေ ပတ်ကာ ဂျီမင်အခန်းဝရန်တာနားသွားချောင်းသော်လည်း လိုက်ကာ အပြည့်ချထား၍ အတွင်းထဲ မမြင်ရပေ။ထို့ကြောင့် တံခါးခေါက်ပြီး မေးမြန်းကြည့်သော် ဘာမှမဖြစ်ဘူးဟူသော စကားတစ်ခွန်းထဲသာဆို၍ နောက်ထပ်စကားပြန်မကြားရတော့ပေ။
"ဟူးးး"
တွေ့ဆုံတာ ဘယ်လောက်မှမကြာသေးပေမဲ့ ဒီကောင်လေးသေးသေးလေးက သူ့စိတ်ကိုပူပန်မှုများစွာပေးနိုင်သည်။ခုလည်း အခန်းထဲမှထွက်မလာ၍ လူကနေလို့မရ ဧည့်ခန်းထဲတွင် လက်သည်းတတိတိကိုက်ကာ ခေါက်တုံ့ခေါက်ပြန်လျောက်နေမိသည်။
"မင်း ငြိမ်ငြိမ်လေးနေပေးလို့မရဘူးလား ကင်ထယ်ယောင်း"
"မရဘူး"
အလိုမကျတဲ့စိတ်အားလုံးကို ဆိုဖာပေါ်တွင်ထိုင်ကာ စာအေးဆေးဖတ်နေသော နမ်ဂျွန်ဟျောင်းပေါ်သို့လွှဲချပစ်သည်။
"ဟ!ဘာတွေမကျေမနပ်ဖြစ်နေတာလဲ ငါဒီနေ့မင်းကို ဘာမှမလုပ်ရသေးဘူးနော်"
"ဟျောင်းဘာသိလဲ ဟျောင်းသိတာဘာမှမရှိဘူး ဟျောင်းပဲနားအေးတယ်"
ဘလိုင်းကြီးမျက်စောင်းထိုးကာ မကျေမချမ်းပြောလာသော အငယ်ကောင်ကြောင့် နမ်ဂျွန်စိတ်ထဲထောင်းခနဲဒေါသထွက်သွားရသည်။
"ဟာ ဒီကောင် ငါမင်းထက်အကြီးနော် စကားကိုဘယ်လိုပြောနေတာလဲ ငါထလုပ်လိုက်ရ"
YOU ARE READING
STOLE MY HEART
Fanfictionအချစ်ကြမ်းမကျေကြသေးသော သူများကြား တဖြည်းဖြည်းရစ်တွယ်လာမဲ့ သံယောဇဉ်တွေဟာ ဘယ်လောက်ထိခိုင်မြဲမယ်လို့ ထင်ကြပါသလဲ...