Present time ( ပစ္စုပန်ကာလ)
အိမ်တစ်အိမ်လုံးအနှံ့ အပြာရောင်ပူဖောင်းတွေအပြည့်ချိတ်ဆွဲထားပြီး စားပွဲသောက်ပွဲတွေနဲ့စည်ကားနေသည်
အိမ်ခန်းအလယ်တွင် ၃ နှစ်အရွယ် ကလေးမလေးတစ်ယောက်ကပြုံးပျော်စွာ ဖြင့် ကောင်းကင်ပြာရောင်ကိတ်မုန့်လေးကိုခွဲနေပြီး မဒီ ကတော့ ဤအဖြစ်အပျက်တစ်ခုခြင်းစီတိုင်းကို ဖုန်းဖြင့်မှတ်တမ်းတင်လျက်ရှိသည်
"ဝသုန်လေးရဲ့ မွေးနေ့ကို လာပေးလို့ အားလုံးကိုကျေးဇူးအများကြီးတင်တယ်နော်"
"အို...မလိုပါဘူးကွယ်...ကလေးတွေပျော်အောင်လုပ်ပေးတဲ့ ဝသုန့်မေမေကိုပဲ ကျေးဇူးတင်ရမှာ..."
"ဟုတ်တယ်..မဒီ လည်း ဝသုန်သူငယ်ချင်းတွေနဲ့ပျော်တာမြင်တော့ ဝမ်းသာတယ်...နောက်လည်း ဒီ လိုလာလည်လို့ရအောင် စီစဥ်ပေးဦးမယ်..."
"အမလေး...ပိုက်ဆံတွေကုန်ပါဦးမယ်...ကစားကွင်းတို့ဘာတို့ပဲသွားကြတာပေါ့...မကောင်းဘူးလား"
"ဟို...ကစားကွင်းကြတော့ ဝသုန့်ဖေဖေ က သူ မပါရင်မလွတ်ချင်ဘူးလေ...အိမ်မှာပဲစိတ်ချတယ်တဲ့"
"သြော်ဟုတ်လား...ဒါနဲ့ ဝသုန့်ဖေဖေ ကိုဒီနေ့မတွေ့ပါလား..."
"သြော် သူခရီးသွားနေလို့"
"သမီးလေးမွေးနေ့ပြန်မလာဘူးလား"
"အမှီပြန်လာမယ်တော့ပြောတာပဲ လေယာဥ် ကြန့်ကြာနေလို့ထင်တယ် အခုထိမရောက်သေးဘူး"
"အေးပေါ့...သူလည်းအလုပ်ရှုပ်တဲ့ကြားကသမီးလေးမွေးနေ့အမှီပြန်လာရတာဆိုတော့ ပင်ပန်းနေတော့မှာပဲ..."
"ဟုတ်တယ်..."
"ပြန်လာမှပဲပြုစုလိုက်ပေါ့..."
"ဟုတ်ကဲ့"
"ဒါနဲ့ နောက်တစ်ယောက်မယူသေးဘူးလား"
"ဘာကိုလည်းရှင့်..."
"သြော်...မဒီ ကငယ်လည်းငယ်သေးတယ် လှလည်းလှတယ် ဝသုန်လေးလည်း သုံးနှစ်ရှိနေပြီဆိုတော့ ကလေးနောက်တစ်ယောက်ထပ်ယူပါလားလို့..."
YOU ARE READING
အပြစ်အကြွေး (Our Fault)
Romanceမထင်မှတ်ပဲ ကြူးလွန်မိလိုက်တဲ့ အမှားတစ်ခုကြောင့် တစ်ယောက်ဘဝကိုတစ်ယောက်တာဝန်ယူလိုက်ရတဲ့အခါမှာ စစ်မင်းဟန် နဲ့ နွေမဒီ တို့နှစ်ယောက် သူတို့ရဲ့အပြစ်အကြွေးတွေကိုအပြန်အလှန်ဆပ်ရင်း သူတို့ရဲ့အိမ်ထောင်ကိုဘယ်လိုရှေ့ဆက်ကြမလဲ မထင္မွတ္ပဲ ၾကဴးလြန္မိလိုက္တဲ...