ထိုနေ့ကအဖြစ်အပျက်သည် မဒီ့ဘဝရဲ့အကြီးမားဆုံးအမှားတစ်ခုဖြစ်ပြီး ထိုနေ့ကအဖြစ်အပျက်များကိုတစ်ရက်မျှမေ့မရခဲ့ပေ။
စစ်မင်းဟန်ကိုလည်း ထိုကိစ္စပြီးကတည်းကမတွေ့ဖြစ်တော့ပေ
ဤသို့ဖြင့် ၃ လ ခန့်ကြာမြင့်ခဲ့ပြီ
"ဒေါက်တာ...ကျွန်မညီမလေးဘာဖြစ်တာလည်း"
"လူနာရှင်တွေဘာမှမစိုးရိမ်ပါနဲ့...လူနာကဘာမှမဖြစ်ဘူး...ဒါပေမဲ့"
"ဒါပေမဲ့ဘာဖြစ်လည်း..."
"လူနာကကိုယ်ဝန်ကြောင့်အားနည်းတော့မူးလဲသွားလောက်ပါပဲ"
"ရှင်..."
မနက်နိုးကတည်းကဘာမှမစားတော့ စားချင်တာလေးတွေကျွေးဖို့ စားသောက်ဆိုင်ကိုခေါ်လာတဲ့လမ်းမှာ မူးလဲသွားလို့တစ်ခုခုဖြစ်ပြီအထင်နဲ့စိုးရိမ်ခဲ့ပေမဲ့...အခုတော့...ကိုယ်ဝန်တဲ့လား မဒီ ရယ်...
*********************************
မဒီ အိပ်ရာကနိုးလာတော့ လက်တစ်ဖက်မှာအပ်စိုက်ထားသလိုနာနေပြီး...နာခေါင်းထဲမှာလည်း ပိုသတ်ဆေးအနံ့ကိုရနေသည်
"မမ...မဒီ ဘယ်ရောက်နေတာလည်း..."
မဒီ့ အသံကိုကြားတော့ ဘေးနားကထိုင်ခုံမှာထိုင်နေတဲ့ ပန်းချီ ချက်ချင်း မဒီ့ နားလာလိုက်ပြီး
"မဒီ...နိုးပြီလား...နင်မူးလဲသွားလို့ငါဆေးရုံခေါ်လာတာ"
"သြော် မဒီမှတ်တောင်မမှတ်မိဘူး..."
"အဲ့ဒါကိုခဏအသာထားဦး...နင်ငါ့ကိုဖြေရှင်းစရာတစ်ခုရှိတယ်..."
"ရှင်..."
"ငါ့ကိုအမှန်အတိုင်းဖြေနော်...အဲ့ကလေးဘယ်သူနဲ့ရတာလည်း..."
"ရှင်...ဘယ်ကကလေးလည်း"
ပန်းချီ၏အမေးကြောင့် မဒီအနည်းငယ်ထိတ်လန့်သွားသည်
"နင်မသိဘူးလား...နင့်ဗိုက်ထဲမှာ ၃ ပတ်သားကလေးလေးရှိနေတယ်တဲ့..."
"ရှင်..."
မဒီ့ ဦးနှောက်တစ်ခုလုံးပြာတက်သွားပြီး ကြောင်တောင်တောင် ဖြင့် ပန်းချီ့ကိုငေးကြည့်နေမိသည်
YOU ARE READING
အပြစ်အကြွေး (Our Fault)
Romanceမထင်မှတ်ပဲ ကြူးလွန်မိလိုက်တဲ့ အမှားတစ်ခုကြောင့် တစ်ယောက်ဘဝကိုတစ်ယောက်တာဝန်ယူလိုက်ရတဲ့အခါမှာ စစ်မင်းဟန် နဲ့ နွေမဒီ တို့နှစ်ယောက် သူတို့ရဲ့အပြစ်အကြွေးတွေကိုအပြန်အလှန်ဆပ်ရင်း သူတို့ရဲ့အိမ်ထောင်ကိုဘယ်လိုရှေ့ဆက်ကြမလဲ မထင္မွတ္ပဲ ၾကဴးလြန္မိလိုက္တဲ...