[Unicode]
ကိုယ့်ficလေးမဖတ်ခင် ဒါလေးအရင်ဖတ်ပေးနော်။
ကိုယ်ကficကို 1948လောက်က အငွေ့အသက်ပုံစံယူပြီး ရေးချင်လို့ရေးလိုက်ပြီ။ ဒါပေမဲ့ အာ့အငွေ့အသက်တွေရပါ့မလားတော့ တို့လည်းမသိဘူး။ဒါပေမဲ့ ကြိုးစားရေးပါ့မယ်။နောက်ပြီး ဒီထဲမှာပါတဲ့ နေရာဒေသတွေ၊ ပတ်ဝန်းကျင်တွေ၊ ခေတ်စနစ်တွေက အတိအကျရယ်မရှိဘူး။ တို့နည်းနည်းပါးပါးလေ့လာပြီး အာ့ဘက်ပုံစံမျိုးရောက်အောင် ဆွဲရေးကြည့်ထားတာပေါ့နော်။ဒါကြောင့် လိုတာဘာညာရှိရင် မကိုက်ညီတာရှိရင် နားလည်ပေးကြပါ။
နောက်ပြီးဇာတ်လမ်းလေးကလည်း သိပ်heavyကြီးမဟုတ်ဘူး လူငယ်ပုံစံပေါ့ပေါ့ပါးပါးလေးပဲ သွားကြည့်မယ်။ ကိုယ်ကစာရေးကျွမ်းတဲ့သူမဟုတ်တော့ လိုအပ်နေတာမျိုးတော့ ရှိမှာပါ။ ဒါပေမဲ့ ရှင်တို့တွေ စီးမျောလို့ကောင်းအောင်တော့ ဂရုတစိုက်ရေးပေးပါ့မယ်။
အပျင်းပြေလေး လာဖတ်ကြည့်ပြီး ဝေဖန်ပေးကြပါအုန်းနော်။
🍁🍁🍁🍁🍁🍁🍁
1948ခုနှစ်၊ အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့...။
တေးဂီတသံများထွက်ပေါ်နေသော ခန်းမကြီးတခု...။
ထိုခန်းမကြီးထဲဝင်လိုက်သည်နှင့် အဖိုးတန်ဝတ်ကောင်းစားလှများ ဝတ်ထားသော ယောက်ျား၊မိန်းမတို့၏ စကားပြောသံများမှာ ပျံ့လွှင့်နေသော တေးဂီတသံကိုပင် ဖုံးလုနီးနီးပွက်ပွက်ညံလျက်ရှိသည်။
ဝတ်စုံတူဝတ်ထားသော ဝိတ်တာလေးများကလည်း ဝိုင်ခွက်များတင်ထားသော လင်ဗန်းဝိုင်းကို ကိုင်ကာဧည်သည်တော်များအား တိုးဝှေ့ရှောင်ရှားရင်း ဧည့်ခံနေကြသည်။ခန်းမကြီး၏ အလယ်တွင်တော့ ဧည့်ပွဲလာပရိတ်သတ်များသည် ပါတနာကိုယ်စီဖြင့် စည်းချက်အလိုက် ခပ်ဖြည်းဖြည်း ယိမ်းနွှဲ့ကာလှုပ်ရှားနေကြသည်။
"ကြိုဆိုပါတယ် သံအမတ်ကြီးခင်ဗျား"
"ကျေးဇူးတင်ပါတယ်ဗျာ"
YOU ARE READING
STOLE MY HEART
Fanfictionအချစ်ကြမ်းမကျေကြသေးသော သူများကြား တဖြည်းဖြည်းရစ်တွယ်လာမဲ့ သံယောဇဉ်တွေဟာ ဘယ်လောက်ထိခိုင်မြဲမယ်လို့ ထင်ကြပါသလဲ...