•18•

1K 72 0
                                    

(Unicode)

*ဇာတ်လမ်းတစ်ခုရဲ့ အဆုံးသတ်*

ဝူလျန့်က သူ့ဖုန်းထဲက ဓာတ်ပုံကို ကြည့်ရင်း ပြုံးနေသည်။ ပုံထဲမှာတော့ ဓာတ်ပုံရိုက်ခံရမှန်း မသိတဲ့ပုံပေါ်တဲ့ လူတစ်ယောက်က နှစ်နှစ်ခြိုက်ခြိုက် အိပ်နေလေသည်။ ဝူလျန့် သူ့ဖုန်းမျက်နှာပြင်ကို ပွတ်သပ်မိသည်။ ဒီလူကိုသာ သူ့အပိုင်လုပ်ခွင့်ရရင် ဘယ်လောက်တောင် ကောင်းလိမ့်မလဲ။

"ပိုင်ဆိုင်ချင်လိုက်တာ..."

တစ်ဆက်ထဲမှာပဲ သူ့စိတ်ကိုသူ ပြန်ထိန်းရပါသည်။ ဒီလူနဲ့သူဟာ ပတ်သက်လို့ အဆင်ပြေတဲ့လူတွေမှ မဟုတ်ပါပဲလေ။ ဆွေ့ရီလေးရဲ့ မျက်နှာကို သူထောက်ရမယ်မလား။

"ခင်ဗျားရယ်။ ဘာလို့ ကော်ဖန်းရဲ့ ကျော့ကွင်းထဲ အမိခံခဲ့သလဲ"

အမုန်းက အချစ်ပြောင်းသည်ဆိုတာ တကယ်မှန်ပါသည်လေ။ ဂေဟာရောက်ကတည်းက ကောကို ကြည့်မရခဲ့တဲ့သူက ဘယ်ကဘယ်လို ချစ်မိသွားမှန်းတော့ သူမသိ။ သူသတိထားလိုက်မိချိန်မှာတော့ ချစ်ရတဲ့ကောက ခွင့်မလွှတ်နိုင်တဲ့ ပြစ်မှုတွေကို ကျူးလွန်ပြီးနေ‌ပြီ။

အချစ်ရေးမှာ တကယ်ကံမကောင်းပါလားနော်။
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
ရိပေါ်တစ်ယောက် ခြံထဲက မြက်တွေကို အားရပါးရ အမြစ်ပါပါအောင် ဆွဲနှုတ်နေသည်။ အမတန်ညာကလည်း ဘေးကနေ ကူညီအားဖြည့်ပေးလေသည်။ အမှန်တော့ အမတန်ညာရဲ့ ‌စိတ်ပိုင်းဆိုင်ရာ အခြေအနေက ကောင်းတဲ့အခြေအနေမှာ ရှိမနေပါ။ ဆွေ့ရီမရှိတော့ခြင်းကို လက်ခံဖို့ရာ အတော်ကို ခက်ခဲနေသည် ထင်ပါသည်။

"အမ၊ ဟင်းသွားချက်ချင် ချက်လေ။ ကျွန်တော်တစ်ယောက်ထဲ နှုတ်လိုက်မယ်"

"ရတယ်၊ ရိပေါ်လေးရဲ့။ ညနေစာက ချက်စရာမလိုသေးဘူးရယ်။ ခုမှ ၁ နာရီခွဲပဲ ရှိသေးတယ်လေ"

"ဒါဆိုပြီးရော။ ဒါနဲ့ အကိုတို့လည်း ပြန်မလာသေးပါလားနော်"

"ဟုတ်ပါ့ကွယ်။ နောက်ဆုံးနေ့မို့လို့လား မသိဘူး။ ကြာလိုက်တာ"

ရိပေါ်မှာ မျှော်ရလွန်းလို့ သစ်ကုလားအုပ်လည်း ဖြစ်တော့မည်။ ခါတိုင်းဆို ၁၂ နာရီနဲ့ ၁ နာရီကြား ပြန်ရောက်နေကျဖြစ်တဲ့ အကိုတို့ဟာလည်း ဘာလို့အခုထိ ပြန်မလာသေးပါလိမ့်?

The Mole Under His LipsWhere stories live. Discover now