13

5.7K 721 40
                                    

(Zawgyi Version)
  
လေးလံနေသော မျက်တောင်များကို ဖွင့်ကြည့်လိုက်တော့ အလင်းရောင်အနည်းငယ်က အမြင်အာရုံထဲ ထိုးဖောက်ဝင်ရောက်လာတော့သည်။

ခေတ္တပြန်မှိတ်ပြီးမှ တစ်ဖန်ပြန်လည်ဖွင့်ကြည့်လိုက်တော့ ပိုင်ကျင်းမှာ နူးညံ့သော နေရာတွင်လဲလျောင်းနေရသည်ကို သိရှိလိုက်သည်။

ဆေးရုံ !

သူရောက်နေသည်မှာ ဆေးရုံတစ်ခုဖြစ်သည်။

ဘေးပတ်လည်ကို ဖြည်းညင်းစွာကြည့်လိုက်တော့ ဆေးပိုက်တချို့ကိုလည်းမြင်လိုက်ရသလိုသူ၏လက်ဖျံတွင်လည်း အပ်တချို့က စိုက်ဝင်နေသည်။

ပိုင်ကျင်းမှာ ခဏတိတ်ဆိတ်နေပြီးနောက် ကလေးတွေကို သတိရသွားလိုက်သည်။

သူတောထဲမှာရှိနေတာမဟုတ်လား?

ပြီးတော့ ကလေးတွေ !

သူမွေးထားတဲ့ ဝံပုလွေပေါက်လေးတွေကလည်း သူ့လက်ပေါ်မှာရှိနေတာမဟုတ်ဘူးလား ?

သိချင်စိတ်ကြောင့် သူထိုင်ရန်ကြိုးစားလိုက်တော့ အခန်းထဲဝင်လာသည့် အမျိုးသမီးတစ်ယောက်ကို မြင်လိုက်ရသည်။

သူမက ထိုင်ရန်ကြိုးစားနေသည့် ပိုင်ကျင်းကိုမြင်တော့ အပြေးလာကာ စိုးရိမ်တကြီးဆိုလေ၏။

"သခင်လေး သတိရလာပြီ ! သက်သာရဲ့လား"

"အင်း ခင်ဗျားက ?"

"ကျွန်မက မစ္စရန်အစား သခင်လေးကို စောင့်ရှောက်ပေးဖို့ရောက်လာတဲ့လူပါ....သခင်ကြီးကိုယ်တိုင်က တာဝန်ပေးထားတာပါ ။ သခင်လေး ယုံကြည်လို့ရပါတယ်"

ပိုင်ကျင်းက ထိုအခါမှမစ္စရန်ကို သတိရသွားသည်။

သူမက ပိုင်ကျင်းကို ကာကွယ်ပေးခဲ့တာမဟုတ်လား?

"သူရော မစ္စရန်ဘယ်မှာလဲ"

ထိုအမျိုးသမီးက အနည်းငယ်တိုးလျသောအသံဖြင့်

"သူ သတိမလည်သေးဘူး "

"ဘယ်လောက်ထိခိုက်သွားလဲ

"နံရိုး၆ချောင်းကျိုးသွားတယ် ၊ လက်လဲထိသွားတယ်။ သခင်ကြီးက သူ့ကိုအကောင်းဆုံးကုသပေးနေပါတယ် ...သခင်လေး အရမ်းကြီးစိတ်မပူပါနဲ့ ...သွေးနုသားနုဆ်ုတော့ စိတ်ကိုအေးအေးထားပါ"

GRAYWhere stories live. Discover now