(Zawgyi Version)
စစချင်းတွင် ပိုင်ကျင်းဘက်မှစတင်သော်လည်း G1 ဘက်က တဖြည်းဖြည်းနဲ့တုန့်ပြန်လာသည်။ငြိမ်သက်နေတဲ့ နှုတ်ခမ်းတွေကလည်း တဖြည်းဖြည်းလှုပ်ရှားလာပြီး အသက်ရှူသံက တစ်စတစ်စကျယ်လောင်လာ၏။G1 ၏ တုန့်ပြန်မှုကို ပိုင်ကျင်းက ခပ်ဟဟပြုံးပြီး ကော်လံကို ပို၍ တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ပြီး အနမ်းကိုသာ အာရုံစိုက်သည်။
တကယ်တမ်းမှာလည်း သူတကယ်ကို G1 ၏ pheromones ကို အရမ်းလိုအပ်နေ၏။ကြားရက်များတွင် သူနဲ့ G1 က နီးနီးကပ်ကပ်နေတာမဟုတ်။
လိုအပ်တဲ့ အချိန်တွေမှာသာ G1 က အနားရောက်လာတတ်သလို ပိုင်ကျင်းကလည်း လိုအပ်မှသာ ခေါ်တတ်သည်။
အချိန်တိုင်း တစ်ယောက်တည်းသာ နေတတ်၍ အနားကို တခြားလူမခေါ်။ အခန်းထဲ၌ စာဖတ်ရင်းသာ အချိန်ကုန်နေပြီး G1 နှင့်ဝေးကွာနေတတ်သည်။
ထို့ကြောင့် Alpha pheromones ကို မရရှိဘဲ နေရတာကြောင့် ပိုင်ကျင်း၏ ခန္ဓာကိုယ်မှာ တစ်ဖက် Alpha ၏ Pheromones ကို ပြင်းပြင်းပြပြ လိုလားတောင့်တလာလေသည်။
သို့ဖြစ်၍ သူ၏ ဘက်မှစတင်ကာ G1 ကို နမ်းရခြင်းကိုလည်း မရှက်တော့။ လိုအပ်နေသော pheromones ရရှိရန်ကိုသာစိတ်အားထက်သန်နေတော့သည်။
ပိုင်ကျင်း၏ လက်မောင်းကို ကိုင်ထားသော G1 ၏ လက်ကြီးများက တဖြည်းဖြည်း အောက်သို့လျောဆင်းလာပြီး အနွေးထည်ပွပွထဲ နစ်မြုပ်နေသော ခါးသွယ်သွယ်သို့ ရောက်ရှိလာတော့သည်။
ခပ်တင်းတင်းပွေ့ဖက်လိုက်သည်နှင့် ဖုံးကွယ်ထားသာ ခါးကို စမ်းမိသွားကာ လက်တစ်ဖက်နှင့်ပင် ဖက်ထားပြီး နောက်တစ်ဖက်က ကျောပြင်အား ထိန်းကိုင်ထားသည်။
လိုလိုလားလားတောင့်တနေသော ပိုင်ကျင်းကဖြင့် သတိထားမိပုံမရ။
တဖြည်းဖြည်းနှင့် ခြေလှမ်းများက နောက်သို့ဆုတ်လာပြီး စားပွဲနားသို့ ရောက်ရှိလာတော့သည်။
ရစ်မူးရီဝေနေသော ပိုင်ကျင်းက G1 ၏ လည်တိုင်အား တင်းတင်းရင်းရင်းဖက်ထားပြီး အဆက်အပြတ်အနမ်းကို တောင်းခံနေသည်။