အပိုင်း _၂၄

12.5K 936 17
                                    

ခက်သက်လယ်

မန္တလေးပြန်ရောက်ရင်ဖုန်းဆက်ဖို့ပြောထားသော်ငြား ခွန်းခံ့ ကျွန်မကို ဖုန်းမဆက်ပါ။ အခုပင် ည၈နာရီ ထိုးလုပြီ။ နေ့ချင်းပြန်လာမည်လို့ပြောသွားတာပေမယ့် တစ်ညများအိပ်နေလို့လားမသိပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မစိတ်ပူပါသည်။

သူ့အိမ်မှာများရှိနေတာဆိုရင် အခုချိန် ဖုန်းဆက်လို့ မသင့်တော်ပါလေ။ ကျွန်မ အကဲပိုလွန်းရာ ကျသွားမည်။

ဘယ်လိုပဲ အချိန်အခါ အခြေအနေကို ချင့်ချိန်ကြည့်ပါသော်လည်း သူ့ဆီကိုဖုန်းဆက်လိုစိတ်၊ စိုးရိမ်စိတ်... ထိုစိတ်တို့ကသာအနိုင်ယူပြီး ကျွန်မ သူ့ကို ဖုန်းခေါ်မိသည်။ သူ ဖုန်းတန်းကိုင်ပါသည်။

"ဟုတ်ကဲ့ခက်"

အသံက အေးစက်နေသည်။ ဟိုးအဝေးကြီးကနေ အားတင်းပြီးလာခဲ့ရတဲ့ အသံမျိုးဖြစ်နေ၏။

"မင်းအိမ်မှာပဲလား"

"......"

"ခွန်းခံ့ တို့မေးနေတယ်လေ"

"မန္တလေးမှာပါ"

"ဘယ်လို။ မင်း ဒီနေ့ပြန်မလာဘူးထင်နေတာလေ။ ပြန်ရောက်ရင် တို့ကိုဖုန်းဆက်ဖို့လည်း အတန်တန်ပြောထားရဲ့နဲ့။"

သူ ဘာမှပြန်မပြောပါ။ တစ်ခုခုထူးခြားနေတာ ကျွန်မ သတိပြုမိပါသည်။

"တို့ မင်းကိုဆူနေတာမဟုတ်ဘူးကွယ်။ စကားပြန်ပြောပါအုံး"

သူ့ဘက်က တော်တော်နဲ့စကားသံထွက်မလာပါ။

"ခက်ကိုချစ်တယ်။
ခက်နဲ့ဝေးရရင် ခွန်းခံ့ရူးမှာ"

သူ ငိုမနေပါ။
ရင်ဘက်ထဲ လှစ်ဟာနေသောခံစားချက်နှင့် ကြောက်ရွံ့မှုကို ဖွင့်ဟနေသောအသံနှင့်တူသည်။ တစ်ခုခု‌ကို စိတ်မပါလက်မပါ ငေးနေရင်း ကြောက်ရွံ့မှုကို အန်ချနေသကဲ့သို့ဖြစ်နေသည်။

"ဘာဖြစ်တာလဲကွယ်။ စိတ်ပူရအောင်"

"တကယ်ပဲ ခက်နဲ့ဝေးရင် ခွန်းခံ့ရူးမှာ"

အခုတော့ သူ့အသံအဖျားတိမ်ဝင်သွားပြီ။ သူ ငိုနေတာ သေချာပြီ။ အမြဲတမ်း တင်းမာနေတဲ့ကလေးက မျက်ရည်ကျသည်ဆိုတော့ ကျွန်မမယ် စိတ်ပူလိုက်ရတာ။

ခွန်းခံ့၏ အမျိုးသမီး_CompletedWhere stories live. Discover now