"အခုရတော့ မပျော်ရဘူး တီတီလေး"
သူမရင်ခွင်တွင်းဝယ်တိုးဝင်လို့ ကလေးငယ်လေးက တသိမ့်သိမ့်ငိုကြွေးနေလေပြီ တစ်ဖက်ကလဲ ကိုယ့်သွေးသား တစ်ဖက်ကလဲ ကိုယ်ချစ်ရသူရဲ့ ကလေး သူမကိုယ်တိုင်လဲ စိတ်မကောင်းဖြစ်ရသည် ရင်ခွင်ထဲငိုနေသောကလေးလေးကို လက်တစ်ဖက်က ကျောလေးကိုပွတ်ရင်း တစ်ဖက်ကလဲဆံသားလေးတွေသပ်ပေးရင်း နှစ်သိမ့်နေရသည်
*ဟန်ရေ တို့ဘာလုပ်သင့်သလဲ တို့မတွေးတတ်တော့ဘူးကွယ်*သူမလူတစ်ယောက်အားတသသ ရေရွတ်ကာ တမ်းတမိနေသည်
Flah back
"ငါတို့ကလေးမွေးရင် ပေးစားကြမယ်နော်"
"ဒါပေါ့ ဆွေရဲ့ သားလေးတွေပဲမွေးရင်ရော"
"ပေးစားမှာပဲ အဓိကက အမျိုးတော်ဖို့ပဲ"
"တော်တော်အမျိုးတော်ချင်ရင် နင်ငါ့အစ်ကို ယူလိုက်လေ"
"တော်ပါ နင့်အစ်ကို ယူမယ့်အစား ငါနင့်ပဲယူလိုက်မယ်"
"ဟီး ဟီး နင်ငါ့ကြိတ်ကြိုက်နေတာလား"
"အေး ဖြစ်လောက်မလားနော်"
ဒီစနောက်မှုဟာ ဆွေဆွေလွင်ရင်ထဲက တကယ့်ခံစားချက်မှန်း ဟန်သော်တာက တစိုးတစိတောင် မရိပ်မိခဲ့ပါ ရိပ်မိခဲ့ရင်ရော သူတို့ဘာတွေဖြစ်လာနိုင်မလဲ
"ငါ နင့်ရင်ဖွင့်စရာရှိတယ်"
"ပြောလေ ဟန်လေး"
"ငါလေ ငါတို့ရှေ့အိမ်က Doctorကြီးကို crushနေတာ"
"ဟုတ်လား ချောလား"
"ချောပ အရပ်က အရှည်ကြီးပဲ ကိုယ်လုံးက တောင့်တောင့်နဲ့ သူက ဟိုနေ့ကမှပြောင်းလာတာ"
ဒါဟာ အပျော်သဘော ကြိုက်နှစ်သက်သည်ဟုလို့ပင် ဆွေဆွေလွင်က ခပ်ပေါ့ပေါ့တွေးခဲ့မိသည်
"ဟိုးတစ်နေ့ကနင်တို့အိမ်ရှေ့ ပြောင်းလာတယ်လို့ပြောတဲ့ တစ်ယောက်လား"
"အေး အစက ငါမသိဘူး ငါ့အဖေက မနက်လမ်းထလျှောက်ရင်းသိလာတာ အိမ်မှာပြောပြလို့ငါသိတာ"
YOU ARE READING
ချိုမြိန်သောဥပါယ်(ချိုမြိန်သောဥပါယ်)
Short Storyမာန်ထက်လွှား ~ မင်းကို ဒေါ်ဒေါ့်ကြောင့် ငါအတော်သည်းခံနေရတာ ရွန်းဝေလ တော်တော်စိတ်ပျက်ဖို့ကောင်းတဲ့ကောင်ပဲ ကျစ်! ရွန်းဝေလ ~ မင်းရဲ့ကံဆိုးမှု မှန်သမျှက ငါ့ကြောင့်လို့ မင်းတရားသေမမှတ်သင့်ဘူး မာန် Start 》 》13.12.2021 End 》》26.9.2022 ********...