အပိုင်း ၆၅ ( The Emperor 15 )

Start from the beginning
                                    

ယန်ကျင်းဇီနှင့် ခဏတဖြုတ် စကားပြောပြီးနောက် ချူထင်းရှိူ့သည် သူ နန်းတော်အပြင်ဘက်သို့ သွားရဦးမည်ဖြစ်ကြောင်း ပြောခဲ့သည်။

" သွားပြီး ညကျရင် ပြန်လာဖို့ သတိရဦး။ မဟုတ်ရင် ကိုယ် အရမ်းအထီးကျန်လွန်းလို့ အိပ်ပျော်နိုင်မှာ မဟုတ်ဘူး။ ပြီးတော့ ကိုယ် အရမ်းဝမ်းနည်းနေရလိမ့်မှာ။ " ယန်ကျင်းဇီ သူ့ပါးစပ်ကို ဖွင့်ကာ ပြောတော့သည်။

ချူထင်းရှိူ့ မရယ်ဘဲ မနေနိုင်တော့ : " ငါ ပြန်လာပါ့မယ်။ "

အရှင်မင်းကြီးက သူ့ကို အမှန်တကယ် ချစ်မြတ်နိုးပြီး သူ့တစ်ယောက်တည်းသာလျှင် အရှင်မင်းကြီး၏နှလုံးသားထဲတွင် ရှိသည် ဟူသော ဤအရာများအားလုံးဟာ မှန်ကန်ကြောင်း သူ ယုံကြည်ချင်သည်။

နန်းတော်မှ ထွက်ခွာပြီးနောက် ချူထင်းရှိူ့ သူ့ညီမကို တွေ့ရန် အိမ်ပြန်ခဲ့သည်။

သူ၏ သူ့ညီမနှင့် နောက်ဆုံးတစ်ခေါက် ဆိုးဆိုးရွားရွား ကွဲကွာမှုပြီးနောက် အစပိုင်း၌ သူသည် ဒေါသထွက်ခဲ့သော်လည်း နောက်ပိုင်း သူ့တွင် သူ(မ)နှင့်ပတ်သက်၍ အပြစ်ရှိစိတ်များသာ ကျန်ရစ်ခဲ့သည်။

သူ့ညီမသည် ငယ်ရွယ်သေးပြီး သူ(မ) ပင်းဝမ်စီမှ ဖြားယောင်းခံရခြင်းမှာ သဘာဝကျသည်။ သို့သော် သူသည် သူ့ကိုယ်ပိုင်ခံစားချက်များနှင့် အလွန်နစ်မြုပ်နေခဲ့သဖြင့် သူ(မ)၏မူမမှန်မှုကို သတိပင်မပြုမိခဲ့ချေ။

ရလဒ်မှာတော့ သူသည် သူ့ညီမကို သွားတွေ့ရန် အနည်းငယ် ကြောက်ရွံ့နေမိသည်... ဒါက သူတို့ နောက်မှ တွေ့သော ပထမဆုံးအကြိမ် ဖြစ်သည်။

ချူထင်းရှိူ့သည် သူ့ညီမ၏ခြံရှေ့တွင် အတန်ကြာအောင် ရပ်နေပြီးမှ ဝင်ရောက်ရန် တစ်စုံတစ်ယောက်အား ခြံတံခါးကို ဖွင့်ခွင့်ပြုခဲ့သည်။

သူ့ညီမသည် အိမ်ထဲတွင် ရှိနေသော်လည်း သူ(မ)သည် အပြင်ဘက်မှ ဆူညံသံကို ကြားချိန်၌သာ ထွက်လာသည်။

အချိန်အတော်ကြာသွားပြီဖြစ်၍ ချူထင်းရှိူ့သည် သူ့ညီမက အတော်ပိန်သွားကြောင်း တွေ့လိုက်ရပြီး လူတစ်ယောက်လုံးဟာ တော်တော်လေး မျက်တွင်းကျသွားကာ  သူ့ကိုတွေ့တော့ သူ(မ)၏မျက်ဝန်းထောင့်များမှာ ပို၍ပင် နီရဲလာခဲ့သည် : " အစ်ကို ညီမလေး မှားမှန်း သိပါပြီ။ "

ချစ်ခင်ပွန်းWhere stories live. Discover now