အပိုင်း ၆၅ ( The Emperor 15 )

4K 620 45
                                    

ယန်ကျင်းဇီ ပျော်ရွှင်နေသည်ကို တွေ့သောအခါ ချူထင်းရှိူ့လည်း ပျော်ရွှင်မိသည်။

အရှင်မင်းကြီးက သူ့ကို ဤပုံစံဖြင့် သဘောကျကတည်းက သူသည် ယခုအချိန်မှစ၍ ညီလာခံထဲတွင် အရှင်မင်းကြီး၏ဘက်၌ အမြဲတမ်း ရပ်တည်နိုင်ပြီဖြစ်သည်။

သူ(ယန်ကျင်းဇီ) ဤသို့ပြုမူနေသည်မှာ မည်သည့်အကြောင်းရင်းအတွက်ကြောင့်ပဲဖြစ်ဖြစ် သူသည်(ချူထင်းရှိူ့သည်) အမြဲတစေ သူ့အား(ယန်ကျင်းဇီအား) ပျော်ရွှင်အောင် ဆောင်ရွက်ပေးချင်သည် : " အရှင်မင်းကြီး ငါက မင်းဘေးမှာ အမြဲရှိနေမှာပါ။ "

" ကောင်းတယ်။ " ယန်ကျင်းဇီသည် ချူထင်းရှိူ့အား နမ်းလိုက်သည် : " ဆုအနေနဲ့ ရက်အနည်းငယ်အတွင်း ကိုယ် မင်းကို မြို့တော်အပြင်ဘက်က ရွာကို ခေါ်သွားမယ်။ "

" ငါ့ကို အပြင်ခေါ်ပြီး ထွက်လည်မယ်? " ချူထင်းရှိူ့ အံ့အားသင့်သွားသည်။

ယန်ကျင်းဇီက ဆိုသည် : " မင်း ဆော့ဖို့ အ‌ပြင်ထွက်တာ မဟုတ်ရင် ကိုယ်က မြို့တော်အပြင်ဘက်က ရွာမှာ ဘာသွားလုပ်ရမှာလဲ? အဲ့မှာ မြေကြီးက ကျယ်တယ်။ မင်း မင်းရဲ့မြင်းကို ယူပြီး အကြိမ်အနည်းငယ် မြင်းပတ်စီးလို့ရတယ်။ "

ချူထင်းရှိူ့ သဘောကျလိမ့်မည်ဟု ယန်ကျင်းဇီ တွေးခဲ့ပြီး ချူထင်းရှိူ့ကလည်း အမှန်တကယ် သဘောကျလေသည်။ နန်းတော်သည် သူ့အား စိတ်ညစ်စရာ ခံစားချက်ကို အမြဲတမ်း ပေးနေလျက်ရှိသဖြင့် ရက်အနည်းငယ်လောက် မြို့တော်အပြင်ဘက်မှ ရွာသို့ သွားရမည်မှာ ကောင်းမွန်လိမ့်မည်ပင်။

အရှင်မင်းကြီးနှင့်အတူ ခရီးသွားရခြင်းမှာ အလွန် ကောင်းမွန်သော အမှတ်တရတစ်ခု သေချာပေါက် ဖြစ်လာပေလိမ့်မည်။

" ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး " ချူထင်းရှိူ့လည်း ယန်ကျင်းဇီအား နမ်းလိုက်သည်။

ခရီးမထွက်ခင်ကတည်းကပင် သူ့စစ်သူကြီးက အလွန်ပျော်ရွှင်နေပြီး စိတ်အားထက်သန်နေပြီဖြစ်သည်။ သူတို့ ရွာသို့ ရောက်သွားသည်ကိုသာ စောင့်လိုက်လျှင်...

ယန်ကျင်းဇီသည် သူ မသွားခင် ရက်အနည်းငယ် ကြာမြင့်ဦးမည်ဖြစ်ရာ အနည်းငယ် နှေးကွေးလွန်းသည်ဟု ရုတ်တရက် တွေးမိသွားသည်။

ချစ်ခင်ပွန်းWhere stories live. Discover now