...နောက်တနေ့ နံနက်စောစောတွင်,တက္ကသိုလ်ဘီမှ
ကျောင်းသားတွေကဘတ်စ်ကားပေါ်တက်ပြီး
တက္ကသိုလ်Fကျောင်းဝန်းထဲသို့ သွားခဲ့ကြတယ်။စုန့်ယန်ကတော့ ကျောင်းနဲ့ ပတ်သက်တဲ့ ခရီးစဉ်ကို
အသေအချာ အတိအကျမသိတာမို့စုံစမ်းရန်လည်း အဆင်မပြေနိုင်ဘဲ ရှိနေတယ်၊ထို့ကြောင့်သူက ဟိုတယ်မှာ
သာနေပြီးစိတ်ရှည်ရှည်နဲ့သာစောင့်နေရမည်ပင်။ညနေပိုင်းတွင်,ကျောင်းသားတစ်စုထဲမှာ
နှစ်ယောက်သုံးယောက်က ဟိုတယ်သို့ ပြန်လာပြီး တတိယထပ်ရှိ ကန်တင်းန်သို့ တိုက်ရိုက်သွားခဲ့ကြတယ်။ရှလင် က တခြားသော ကျောင်းသားကျောင်းသူတွေနဲ့
ရင်းနှီးသူမရှိတာမို့ ထိုအဖွဲ့ထဲသို့လည်းသွားပြီး ပေါင်းစည်းရန် မရည်ရွယ်နိုင်လျက်သူ့ပန်းကန်ပြားလေးကို
ဘဲယူကာ အခန်းတစ်ခုထဲသို့ သွားထိုင် နေလိုက်တယ်။ခဏအကြာတွင်,လျန်ကျင်ဟွေ့ က သူ့ကိုယ်ပိုင်အစား အစာပန်းကန်နဲ့အတူ သူ့နောက်ကနေလိုက်ပါလာတယ်။
မနေ့ညက ရှလင်ရဲ့ ဆူပူကြိမ်းမောင်းမှုခံလိုက်ရပြီး
နောက်,ရှလင်ကို အရင်လို ပြောင်ပြောင်တင်းတင်းလဲ အရော မဝင်ရဲဘူး၊အတိအကျပြောရမယ်ဆိုရင်,သူ့နှလုံးသားထဲက ကြောက်ရွံ့မှုတွေရှိနေပေမယ့်ရှလင်နောက်ကိုတော့ သူလိုက် ချင်နေတုန်းဘဲ။အတူမစားခင် သူကဂရုတစိုက်ဖြင့် မေးလိုက်တယ်။
"ရှ...စီနီယာရှ....ကျွန်တော်ဒီမှာထိုင်လို့ရလား ?"
ရှလင်က အခန်းထဲရှိ လေးထောင့်စားပွဲ နဲ့
ထိုင်ခုံလေးလုံးကို တချက်ကြည့်လိုက်တယ်၊
အခန်းထဲ ထိုင်ခုံလွတ်တွေရှိနေရက်နဲ့
ထိုင်ခွင့်မပေးဘူးဆိုရင် သူ့ဘက်က
ယုတ္တိမတန်ဘူးဖြစ်နေမယ်။'ရပါတယ် "
လျန်ကျင်ဟွေ့အလွန်ဝမ်းသာသွားပြီး သူ့ရှေ့တွင်ရွှင်လန်းစွာ နဲ့ ဝင်ထိုင်လာတယ်။
ထိုအချိန်တွင် အခြားတစ်ဖက်စားပွဲမှ ကျောင်းသားတွေက တက္ကသိုလ်Fအကြောင်းကိုအားတက်သရော ဆွေးနွေး
နေကြတယ်၊သူတို့ နိုင်ငံခြားကို ရောက်နေချိန်တွင် တရုတ်စကား ဖြင့် ပြောနေတာမို့ သူတို့ အသံကျယ်နေရင်တောင် ဘေးရှိ လူတွေထဲမှ သူတို့ပြောတာကို နားလည်နိုင်မှာ
မဟုတ်ဘူးလေ။
YOU ARE READING
နောင်ဘဝတွေထိမင်းနဲ့ထပ်မဆုံချင်တော့ဘူး(Complete)
Romanceအရမ်းချစ်ကြတဲ့သူငယ်ချင်းနှစ်ယောက်..မရည်ရွယ်တဲ့ အမှားတွေကြားအထင်လွဲမှုတွေနဲ့ဝေးကွာခဲ့ရတဲ့အခါ.. Cover Photo....Credit Pinterest