ရှလင် ခဏမျှတိတ်ဆိတ်သွားပြီးနောက် ,
စုန့်ယန်အားတွန်းဖယ်ကာ အောက်ထပ်ဆီ
သို့ ဆင်းလာလိုက်တယ်၊စုန့်ယန်ကလည်း
ဇွဲမလျော့ဘဲ သူ့နောက်သို့ ဆင်းပြီးလိုက်
လာတယ်။

ရှလင်ကားတံခါးဖွင့်ရန်ဟန်ပြင်လိုက်စဥ်
သူရုတ်တရက် တစ်ခုခုကို သတိရသွားပြီးနောက် ရှလင်ကို ဖမ်းဆွဲပြီး ရပ်တန့်စေလျက်
ပြောလိုက်တယ်။

"ရှလင်, ဒီအချိန် ကားမောင်းလို့ မရဘူး"

'ဘာဖြစ်လို့လဲ ?"

"ငါတို့နှစ်ယောက်လုံး အရက်သောက်ထားတယ်လေ, ဒီအခြေအနေမှာကားမောင်းရင်
ဥပဒေနဲ့ မညီဘူး "

စုန့်ယန်က စိတ်ရင်းအတိုင်းပင် ပြောလာရင်း
ရှလင် သည်လည်းခဏမျှ တိတ်ဆိတ်နေမိတယ် ။

စုန့်ယန်က ချက်ခြင်းပင် ထပ်ပြောလာတယ်။

"ပြီးတော့ ငါဒီညဒီလို အနေအထားနဲ့
ဒီမြို့တော်ဆီ ပြန်ဖို့ကလည်းအဆင်မပြေဘူး,
မင်းငါ့ကို တစ်ညတစ်လေလေးခေါ်မထား
ချင်ဘူးလား ?"

ရှလင်က စုန့်ယန်ရဲ့ အကြံအစည်ကိုကြိုတင်မှန်းဆမိနေပြီးစုန့်ယန်သူ့ကိုလွယ်လွယ်နှင့်
အရူးလုပ်လာခြင်းကိုသူလုံးဝလက်မခံတော့ဘူး။

"မင်း အသက်ဘယ်လောက်ရှိပြီလဲ ?
မင်းဘာသာ ဟိုတယ်သွားတည်းလေ"

အဲ့ဒီနောက်သူက ကျောင်းသို့ ပြန်ရန် အတွက်
တက္ကစီငှားရန် လမ်းဘေး ဆီသို့ထွက်လာလိုက်တယ်။

စုန့်ယန်ကတော့မလျော့သောဇွဲ့လုံ့လဖြင့်
သူ့နောက်ကို လိုက်လာနေတုန်းဘဲ။

"ငါက ဒီမြို့နဲ့ သိပ်မရင်းနှီးဘူးလေ,
မင်းနဲ့အတူငါ့ကိုတက္ကစီနဲ့လိုက်ခွင့်လေး
တော့ပေး , ဘီ တက္ကသိုလ်ကျောင်းဂိတ်ဝရောက်ရင် မင်းဆင်းပြီးအိပ်ဆောင်ကိုပြန်လိုက်,ငါက ဒီညဟိုတယ်တစ်ခုကိုဘဲ
ဆက်သွားလိုက်မယ်"

ရှလင် စိတ်အနှောင့်အယှက်ဖြစ်စွာပင်ရှိနေရာမှ သူ့ဖုန်းလေး မြည်လာတယ်။

" စိတ်မရှိပါနဲ့ခင်ဗျ!ခုကမစ္စတာရှလင်လား ?"

တဖက်မှလူက စုန့်ယန်ရဲ့လက်ထောက် ဖြစ်တယ်၊ရှလင်က သူ့ဖုန်းနံပါတ်အား တဖက်လူထံ ပေးထားခဲ့တာကို ရုတ်တရက်မမှတ်ထားမိဘူးဖြစ်နေတယ် ၊ဒါကြောင့်မို့ စုန့်ယန်ထံမှ
နောက်ဆုံးတစ်ခေါက် ဆက်သွယ်ပြီးတဲ့နောက် သူ့ ရဲ့ ph no listတွေထဲ သူထည့်ထားလိုက်တယ်။

နောင်ဘဝတွေထိမင်းနဲ့ထပ်မဆုံချင်တော့ဘူး(Complete)Where stories live. Discover now