"ဟုတ်တယ် ! မင်းနဲ့ယွီလော့တုန်ပြန်အဆင်ပြေတာကို မြင်ရဖို့စိတ်အားထက်
သန်တယ် ! ငါ အရမ်း ပျော်တယ်!မင်းငါ့ကို
ထပ်ပြီး အနှောင့်အယှက်မပေးဖို့
ငါမင်းကို တောင်းဆိုတယ်! "

သူစကားပြောလို့ပြီးပြီးချင်းမှာဘဲ ,
စုန့်ယန်ကသူ့အားနံရံတွင်တဖန်ပြန်၍ဖိကပ်ပြီး ယခင်ထက်ပြင်းပြစွာပင်ထပ်နမ်းလာတယ်။ဒီတကြိမ်မှာတော့ ရှလင်ဘက်က
မည်မျှပင် တွန်းထိုးရုန်းကန်နေပါစေစုန့်ယန်ဘက်ကနည်းနည်းလေးပင်အလျော့ပေးဖို့
ရည်ရွယ်စိတ်ရှိမနေခဲ့ဘူး။

အဆုံးသတ်မှာတော့ ရှလင်ဘက်မှအားအင်ခြင်းက မညီမျှသည်မို့ ခုခံရန်ပင်လက်လျော့
လိုက်ရတယ်၊သူ့လက်တွေကိုသာ အောက်သို့
ချလိုက်ပြီး စုန့်ယန်အလိုကျလုပ်ချင်တာကိုသာလုပ်ခွင့်ပေးလိုက်တယ်။စုန့်ယန်ရဲ့ ပြင်းထန်တဲ့ အနမ်းတွေက ရှလင်ရဲ့ပါးပြင်လေးကိုပင် တစထက်တစနီစွေးလာစေလျက်
အသက်ရူကြပ်လာခဲ့သည်မို့မျက်လုံးတွေ
ပင် မှုန်ဝါးဝါး ဖြင့် ရီဝေလျက်အေးစက်
လာခဲ့တယ်။

ခဏမျှနမ်းပြီးတဲ့နောက်, စုန့်ယန်က ရှလင်ကို လွှတ်ပေးလာတယ်၊သူ့ရဲ့ ပြင်းထန်တဲ့အနမ်းတွေကြောင့်နီရဲလျက် ဖူးယောင်လာတဲ့ရှလင်
ရဲ့ နှုတ်ခမ်းလေးတွေကို ငုံ့ကြည့်လာရင်း
သူ့လက်မလေးဖြင့် ညင်သာစွာပင်ထိတွေ့လျက် သနားစိတ်လေးဖြင့်ပွတ်သပ်လိုက်မိတယ်။

ရှလင်က သူ့မျက်နှာကို ဆန့်ကျင်ဘက်ဆီသို့ လှည့်ပြီး စုန့်ယန်ရဲ့လက်ကို ဒေါသတကြီးဖြင့်
ရိုက်ချလိုက်တယ်။

ကာလကြာရှည်တဲ့ အနမ်းတွေကြောင့်
ထိုအချိန်မှတော့ စုန့်ယန်ရဲ့ ဒေါသတို့
တဖြေးဖြေးပင် ငြိမ်သက်သွားပြီဖြစ်တယ်။
ရှလင်ရဲ့ နားနားသို့ ကပ်ပြီးသူကိုအသံ
တိုးတိုးလေးဖြင့် ပြောလာတယ်။

"ရှလင် ,မင်းကငါ့ဘဝအတွက်တစ်သက်စာလက်တွဲဖော်လို့ ငါဆုံးဖြတ်ထားပြီးပြီ၊
ဘာဘဲဖြစ်ဖြစ်, မင်းကိုငါ့ရဲ့အဝေးကြီးမှာ
ငါပစ်မထားနိုင်ဘူး၊ မင်းငါ့ကိုမယုံကြည်
သေးလဲကိစ္စမရှိဘူး။မင်းငါ့ကိုယုံကြည်လာ
တဲ့အထိ, မင်းဘက်က ငါ့ကို လက်ခံလာတဲ့အထိ,ငါဘဝရဲ့နေဝင်ချိန်အဆုံးသတ်တွေအထိ ငါမင်းနဲ့ အတူရှိနေမယ် "

နောင်ဘဝတွေထိမင်းနဲ့ထပ်မဆုံချင်တော့ဘူး(Complete)Where stories live. Discover now