.Uni
EP68 မင်းက ခွေးလား ?
ရှလင်လှေကားအောက်ခြေသို့ရောက်တဲ့အခါ, သူ့နောက်မှလိုက်လာတဲ့စုန့်ယန်က
သူ့အားကော်ရစ်တာထောင့်အတွင်းဘက်ဆီသို့ ဆွဲခေါ်သွားခဲ့တယ်။ထို့နောက် နံရံအား
ကျောပြင်ဖြင့် ထိကပ်နေသည်အထိ
စုန့်ယန်ရဲ့ပိတ်ဆို့ ဖိချမှုအားခံထားရလျက်လုံးဝ လှုပ်လို့တောင်မရဘူး။"စုန့်ယန် ! ငါ့ကိုလွှတ်စမ်း ! "
" သူတို့နဲ့တွေ့ဖို့မင်းဘာလို့ငါ့ကို
ခေါ်လာတာလဲ?"စုန့်ယန်ရဲ့ မျက်နှာအမူအရာက ဖုံးကွယ်၍
မရအောင်ပင် ပျက်ယွင်းလျက်ရှိနေရင်းသူ့ဒေါသကိုပင် ဖိနှိပ်ထားရဟန်ဖြင့်ရှလင်အား
မေးလာခဲ့တယ်။"ရှလင်, မင်းတမင်တကာလုပ်တာမလား ?"
"ဟုတ်တယ်! ငါ ရည်ရွယ်ချက်ရှိရှိလုပ်တာ "
ရှလင်က မျက်ခုံးတွေကို ပင့်တင်လိုက်ပြီး
ပြက်ရယ်ပြုစွာပင် ပြုံးပြလိုက်တယ်။"မင်းရဲ့အသည်းနှလုံးလေးကို မပြည့်စေချင်တဲ့ဆုတွေပြုံးပြုံးလေးနဲ့တောင်းပေးရတာ
မင်းဘယ်လို ခံစားနေရလဲ ...ဟမ်?"စုန့်ယန်ရဲ့ ရင်ဘတ်က ဒေါသတရားတို့
ကြောင့် စုန်ဆန်ချည်ကူးလူးနေလျက်ရှိရာမှ
ရုတ်တရက် ခေါင်းငုံ့လာပြီးနောက် ရှလင်ရဲ့
နှုတ်ခမ်းတွေကိုသာအပြင်းအထန်နမ်းရှိုက်
လာခဲ့တယ်။စုန့်ယန်အား ရှလင် အတင်းတွန်းထုတ်လိုက်ပြီးနောက် သူ့ နှုတ်ခမ်းတွေကို လက်ဖြင့်သုတ်
လိုက်တယ်။"ခွေးရူးလိုဘဲ ဘေးကလူကို ပတ်ကိုက်
မနေနဲ့ ! မင်းက စောက်ရူးဘဲ! ""ဟုတ်တယ်!ငါရူးတယ် !ငါကမင်းနဲ့
ပတ်သက်ပြီးတကယ်ကြီးရူးနေတာ "စုန့်ယန် အံကြိတ်ရင်းရူးသွတ်စွာပင်ပြောလာခဲ့တယ်။
" ငါ ယွီလော့တုန်နဲ့ဘာမှလုပ်စရာမရှိတော့
ဘူးလို့ မင်းကိုပြောထားပြီးသား ,မင်းဘာလို့
ငါ့ကို မယုံကြည်နိုင်ရတာလဲ ?မင်းငါ့ကို
ယွီလော့တုန်ဆီတွန်းလွှတ်ရတာကို
မင်း အရမ်းတွေ ပျော်နေတာလား ?"
YOU ARE READING
နောင်ဘဝတွေထိမင်းနဲ့ထပ်မဆုံချင်တော့ဘူး(Complete)
Romanceအရမ်းချစ်ကြတဲ့သူငယ်ချင်းနှစ်ယောက်..မရည်ရွယ်တဲ့ အမှားတွေကြားအထင်လွဲမှုတွေနဲ့ဝေးကွာခဲ့ရတဲ့အခါ.. Cover Photo....Credit Pinterest