၁၀ ပန်းနွယ်ကိုလေပြည်ရိုင်းကနမ်းရှိုက်ခဲ့ပြီ.....
အပိုင်း-၁၀
ထမင်းစားပြီးစကားကောင်းနေတာနဲ့ညကမှောင်မှန်းမသိမှောင်လာခဲ့သည်။
"မူနွဲ့..."
" ရှင်..."
" မပျင်းဘူးလား၊ အစ်ကိုနဲ့ဗီဒီယိုရုံသွားကြမလား"
" ဗီဒီယိုရုံတော့မသွားတော့ပါဘူးအစ်ကိုရယ်..
မူနွဲ့မနက်ကျောင်းတတ်ဖို့စောစောထရမယ်..."
" ဒါဆို မူနွဲ့ဒီအချိန်ဆိုအိမ်မှာဘာလုပ်တတ်လည်း"" မနက်အတွက်ပြင်စရာရှိရင်ပြင်တယ်၊ကလေးတွေကိုအိမ်စာပြတယ်၊ဘာမှလုပ်စရာမရှိရင်တော့
ကိုကျော်ထင်ဌားပေးတဲ့စာအုပ်ဖတ်ပြီး.. ဘုရားရှိခိုး
ပြီးအိပ်ယာ၀င်တာပေါ့.."
" သြော် တနေ့တနေ့မပျင်းဘူးလား..."
" မူနွဲ့ကတော့မပျင်းပါဘူး ..ဟိုအရင်အိမ်မှာလည်း
တယ်လီဗေးရှင်းစက်ရှိတာတောင်မူနွဲ့သိပ်မကြည့်
ဖြစ်ပါဘူး၊ စာအုပ်ပဲဖတ်တာ...
အစ်ကိုကတော့ စာအုပ်မကြိုက်ဘူးထင်တယ်.."" အင်းအစ်ကိုကတော့စာအုပ်ထဲကဘ၀ထက်လက်တွေ့ဘ၀ကိုပဲပိုကြိုက်တယ်.."
" အဲ့တာကြောင့်အစ်ကိုကလူရည်လည်နေတာကိုး"
" အိမ်ကစာဂျပိုးကျော်ထင်ကိုကြည့်ပါလား
အိမ်မှာနေရင်အခန်းထဲကကိုမထွက် သူမို့နေနိုင်တယ်...."" အစ်ကိုတို့ကညီအစ်ကိုသာဖြစ်တာ တစက်မှမတူ
ဘူး.."
" အဲ့တာပဲ စဉ်းစားမရတာ...
ဒီလိုသာနေရင်မိန်းမတောင်ရပါ့မလားပဲ..
မူနွဲ့အသိထဲအပျိူတွေဘာတွေရှိရင်အစ်ကို့ညီကို
မိတ်ဆက်ပေးလိုက်ပါအုံး..."" အို သူကမယူချင်ဘူးငြင်းမှဖြင့်.."
" မိန်းမယူတာဒီလောက်ကောင်းတာကို၊ အစ်ကို
တောင်စောစောသိရင်စောစောယူပါတယ်..
အဟင်းဟင်း..."
" အစ်ကိုနော် ပေါက်ကရတွေ..."
" ကဲအစ်ကို့မူနွဲ့လေးချွေးစော်မနံရအောင်ရေသွားချိုးလိုက်အုံးမယ်ဗျား.."
ပြောသွားတာလဲကြည့်အုံး.....မူနွဲ့ကမနက်ကျောင်းမသွားခင်တစ်ခါ၊ညနေလေးနာရီမှာတစ်ခါရေပုံမှန်ချိုးပြီး၊အမြဲတမ်းအနားကပ်ရင်မွှေးတေးတေးရှိနေတာပင်။
သူကတော့ရေကိုပုံမှန်ချိုးတယ်ရယ်လို့ရှိတာမဟုတ်ဘူး။ ဖဲများရိုက်နေရင်မထတန်းတစ်ထိုင်ထဲသုံး
ရက်လောက်နေတတ်တာမို့..
မသာကိုရေချိုးပေးပြီးမှ သူလည်းချိူးဖို့သတိရတတ်
တာလေ။
YOU ARE READING
ပန်းနွယ်ကိုလေပြည်ရိုင်းကနမ်းရှိုက်ခဲ့ပြီ(Complete)
General Fictionမိုက်တယ်နော်၊ဒါပေမယ့်မယုတ်မာဘူး.. အစ်ကိုက သတ်ရဲတယ်၊သေရဲတယ် ဒါပေမယ့်မူနွဲ့မျက်ရည်ကျတာကိုတော့မကြည့်ရဲဘူး..... ကြက်သမား၊ဖဲသမား..လူမိုက်လေးတေဇဘုန်းကျော်နဲ့ဆရာမလေးမူယာနွဲ့.... 1987ခုနှစ်ခေတ်ဇတ်လမ်းဖြစ်ပါတယ်။ photo credit/ မိုက်တယ်နော်၊ဒါပေမယ့်မယုတ်မာဘူး...