Ep-22

23K 897 39
                                    

"ပါးပါး တားယို့ တကယ်ဝတ်ရမှာရာ "

"ဒါပေါ့ ခဏဘဲကို "

"တယ်ရက်တောင်ယေး ပါးပါးယဲ့ Daddyကရယ် ဝတ်ချင်ဝူးရဲ့ ပါးပါးနဲ့လည်း တူတူနေလို့ရတော့ဝူးတို "

ထယ်ယောင်း ဂိုငယ်စကားကြောင့် ဂူဂူနဲ့အတူ ဖုန်းဆော့နေတဲ့ ဂျောင်ကုကို လှမ်းပြီး မျက်စောင်းထိုးလိုက်သည်။

ထယ်ယောင်းတို့ ဗမာပြည်ကို အလယ်ခရီးထွက်လာတာ ၅ရက်လောက်ရှိပြီးဖြစ်သည်။ဘုရားတွေလျှောက်ဖူးရင် ဘုန်းတော်ကြီးရဲ့ "ရဟန်းပြုခြင်းဟာ ပူပင်ခြင်းကို ငြိမ်သက်စေပြီး နောင်အချိန်အတွက် ကုသိုလ်ယူစေသလို ကျန်းမာရေးအတွက်လည်း ကောင်းမွန်တယ်"ဆိုတဲ့ စကားကြောင့် သားဖသုံးယောက်လုံးကို ရဟန်းဝတ်ဖို့ပြောနေခြင်း ။

ဒါကို ငြင်းနေတဲ့ ဂျောင်ကုတို့သားဖကြောင့် ထယ်ယောင်းမှာ အခက်တွေ့နေခြင်း ‌ဂျောင်ကုက ပိုဆိုးပါတယ်။

"သားတို့ မအိပ်သေးဘူးလား "

မအိပ်သေးဘူးလားဆိုတဲ့ အသံက အိပ်တော့လို့ပြောနေတဲ့ လေသံနဲ့ အတူတူဘဲမို့ ဂူဂူတို့လည်း အိပ်ခန်းထဲကို ဝင်သွားတော့သည်။

ပါးပါးက လေသံအေးအေးလေးနဲ့ ခြောက်တဲ့နေရာမှာ ဆရာဘဲ။

သားတွေလည်း အိပ်ခန်းထဲဝင်သွားရော ဂျောင်ကု ဂိမ်ဆော့နေတဲ့ ဂျောင်ကု နားကိုသွားပြီး ဖုန်းကို ‌ဆွဲယူခါ ဂျောင်ကုရဲ့ ပေါင်ပေါ်ကို တက်ထိုင်လိုက်ပြီး

"ကျစ်! ကိုယ်ဂိမ်းဆော့နေတယ်လေ ယောင်း!"

"ငါပြောစရာ‌ရှိတယ်လေ "

"ဟိုကိစ္စဆိုမပြောနဲ့ "

"ကုငယ်ကလည်း နော်နော် ရဟန်းလေးခဏပြုရမှာလေနော် "

အကျ ဟပြဲဖြစ်နေတဲ့ ရင်ဘတ်ကြီးကို တို့ထိရင်ပြောတော့ တက်တူးတွေနဲ့လက်က ခါးသိမ်းသိမ်းလေးကို သိုင်းဖတ်လာရင် ။

"၁၀ရက်က နည်းလာကွာ "

"နည်းပါတယ်ဆို ခဏလေးကို"

"ယောင်းကသာ ခွဲနိုင်တာ ကိုယ်က မခွဲနိုင်ဘူး အဲ့ ၁၀ရက်လုံးယောင်းနဲ့ ခွဲနေရမှာ ကိုယ်ရူးသွားလိပ်မယ် "

 1 Million  [ 1 မီလီလျံ ]  {Complete}Where stories live. Discover now