"ဘယ်လိုလုပ်မလဲ ဂျောင်ကုကအကုန်သိသွားပြီ"
"ကျစ် မင်းမပါးနပ်တာကြောင့်လေ""ဒီလိုဖြစ်ရတာ ရှင့်ကြောင့်လဲပါတယ်လေ၊ ဒီလောက်မိဖုရားကြီးကို နားဝင်အောင်ပြောထားတာကို ရှင်ကအပျော်ပါးမလျော့တော့ ဟိုကဘယ်ယုံမလဲ"
"ငါလဲ တတ်နိုင်သလောက်လျော့တာပဲ၊ ကဲထားပါကွာ အရင်ဆုံးဂျောင်ကုကိစ္စကို အရင်ရှင်းရမယ်"
"ကျွန်မကြားထားတဲ့ အတွင်းသတင်းတစ်ခုရှိတယ်"
"ပြောကြည့်လေ""ဂျောင်ကုအမေသေတဲ့အကြောင်းပေါ့"
"အဲ့တာနဲ့ ဂျောင်ကုကိုရှင်းတာနဲ့ဘာဆိုင်လို့လဲ""ရှင်သိအောင်ပြောရမယ်ဆိုရင် အခုနန်းတွင်းထဲခဏရောက်နေတဲ့လီယံက အဲ့ဒီဂျောင်ကုအမေနဲ့ ပက်သက်နေတယ်"
တောတောအံ့သြရှုပ်ထွေးသွားတဲ့ ဂျောင်မင်က မျက်လုံးပြူးကျယ်လို့။
"ဘာ ဘယ်လို?"
__________________________
"ထယ်ယောင်း? ဘယ်သူကြီးလဲအဲ့တာ"
ထယ်ယောင်းအိပ်ဆောင်ရှေ့မှာ ပန်းပင်ရေလောင်းနေတုန်း သူ့နမယ်ကြားတာမို့ နားထောင်မိတယ်။
(ငါနဲ့နမယ်တူတဲ့လူ ရှိတာလား)"အေးဆို ငါတို့အစေခံတွေတောင်မသိတာ ဘုရင်ဆိုဝေးရောပေါ့၊"
"အေးပေါ့ အဲ့တာကိုလီယံဆိုတဲ့ မင်းသားက ဘုရင့်ကိုတောင်ဟောက်သွားသေးတယ် ထယ်ယောင်းဆိုတဲ့အစေခံကို အစေခံလို့ခေါ်လို့တဲ့"
"ဟယ်တော်"
"ငါဖြင့်မယုံနိုင်ဘူး ဘုရင်ကိုမိဖုရားလောင်းလို့ ချက်ချင်းပြောင်းခေါ်ခိုင်းတာပါဆို""အမလေးနော် အားကျလိုက်တာ၊ ချင်းရန်လဲအဲ့လိုအဆင့်နိမ့်အစေခံပဲလေ တတိယသားတော့မိဖုရားဖြစ်နေပြီခုဆို"
"အေးဟာ ငါကချင်းရန်ကိုအားကျနေတာ ကံကောင်းလိုက်တာဆိုပြီး၊ အခုထယ်ယောင်းကပိုတောင်ကံကောင်းသေး"
"ငါတို့လို ဘုရင့်အနားကအဆင့်မြင့်အစေခံတွေကျ မမြင်ဘူးလားမသိဘူး"
"အဲ့တာပြောတာ၊ အဲ့မင်းသား..."
တဖြည်းဖြည်းဝေးကွာလို့ တိုးသွားတဲ့စကားသံ။
ပန်းပင်ရေလောင်းနေတဲ့ထယ်ယောင်းသာ ကျောက်ရုပ်ကဲ့သို့ ရပ်တန့်လျှက်။
YOU ARE READING
My Glory
Fanfictionငါအမြဲလိုချင်တဲ့မင်းက ငါ့ဘေးနားမှာရှိနေပါရက် မမြင်ခဲ့မိဘူး တောင်းပန်ပါတယ် ငါမင်းကိုအမြဲနာကျင်စေခဲ့ပြီ တတိယသားတော် ဂျွန်