အပိုင်း _ ၁၄

14.3K 1K 20
                                    

ခက်သက်လယ်

သူ့ဘက်က အဲ့ဒီစကားကို ဘယ်လိုနှလုံးသားနဲ့ပြောထွက်ရက်လဲမသိပေမယ့် ကျွန်မမှာတော့ မတ်တပ်ဆက်ရပ်ဖို့ ခြေထောက်တွေမခိုင်တဲ့အထိဖြစ်သွားခဲ့ရသည်။

ဆိုင်ကယ်ကို ကမန်းကတမ်းမောင်းထွက်သွားတဲ့ဟာလေးက ခက်ခန္ဓာကိုယ်ထဲက ရှိသမျှစွမ်းအင်တွေကို ဆုပ်ယူသွားသလိုပါပင်။

ဓာတ်ပုံကြောင့်ဆိုရင်တောင် သူဒီလောက်ထိ ဖြစ်ဖို့မလိုဘူး မဟုတ်လား။

ဖတ်ဖူးတဲ့ဝတ္ထုတွေထဲက တကယ်ချစ်ရသူကရှုံးရတာပဲဆိုတဲ့စကားကို တကယ်ချစ်တဲ့သူကိုတွေ့တဲ့တစ်နေ့မှာ ကျွန်မလက်ခံလာရပါတော့သည်။

ကိုယ့်ကိုယ်ကိုယ်ပျောက်ဆုံးသွားတဲ့အထိ သူ့မျက်နှာကိုပဲကြည့်ပြီး ပျော်ခဲ့ရတဲ့ရက်တွေဟာ ဒီနှစ်ထဲမှာ မနည်းမနောပါပဲ။

အဲ့ဒီကလေးရဲ့မာနတွေကို သိပြီးသားမို့ ဖြိုးနဲ့အထင်လွဲစရာမဖြစ်ရအောင် ကင်းရှင်းသွားမှ ဒီအချစ်ကိုပုံဖော်မယ်တွေးထားခဲ့ခြင်းဖြစ်ပါသည်။

အခုတော့ ဒီဇာတ်လမ်းကို သူကိုယ်တိုင်ရေး သူကိုယ်တိုင်ဖျတ် လုပ်သွားခဲ့၏။ ကျွန်မက ဘယ်အစိတ်အပိုင်းမှာ ပါဝင်ရမှာပါလိမ့်။

ချစ်ရသူက ခေါင်းမာလေတော့ ကျွန်မရဲ့ရဲ့နှလုံးသားဟာ တဆစ်ဆစ်နာရသည်။

တကယ်တော့ ဒီဘာသာရပ်မှာ သက်ဆိုင်သူနှစ်ဦးလုံး မကျွမ်းကျင်ကြခြင်းပင်။

-----------

"သက်လယ်။ မထသေးဘူးလား။ အဖွားဝင်လာပြီနော်"

ခပ်မှိန်းမှိန်းဖြစ်နေတာမို့ အဖွားရဲ့စကားကို ကြားသာကြားသည်။ ပြန်မဖြေနိုင်။

"ဟဲ့ ဒီကလေးမ။ နေမကောင်းဘူးလား"

အဖွားဖြစ်သူက စိုးရိမ်စွာဆိုရှာ၏။

"မနေ့ညက ပြတင်းပေါက်မပိတ်ပဲအိပ်လိုက်လို့ထင်တယ်။ နည်းနည်းအားနည်းသလိုဖြစ်သွားတာ"

"ဘယ်က နည်းနည်းအားနည်းရမတုန်း။ အသံက သေးသေးမျှင်မျှင်နဲ့"

ဒီစကားကို စိုးရိမ်ဒေါသနဲ့ဆိုလာတဲ့အဖွား။

"သက်လယ် လမ်းထိပ်ကထမင်းဆိုင်ကို ဖုန်းဆက်ပြီး အဖွားအတွက် မနက်စာမှာထားပေးတယ်။ ခဏနေ လာပို့တော့မယ်။ ဒီမနက်တော့ ချက်နိုင်မယ်မထင်ဘူး"

ခွန်းခံ့၏ အမျိုးသမီး_CompletedWhere stories live. Discover now