"တိုင်းပြည်ပုန်ကန်မှု"
"ဘုရင့်အားလုပ်ကြံမှု"
"သူပုန်နှင့် ပူးပေါင်းမှု""ဤပြစ်မှု၃မှုဖြင့် ဂျွန်ဂျောင်ကုအား တိုင်းပြည်ပုန်ကန်သူ ရာဇဝတ်ကောင်အဖြစ် သတ်မှတ်လိုက်သည်"
အမိန့်ပြန်တမ်းစာကိုဖတ်ပြနေတဲ့ နန်းတွင်းအရာရှိကို ကြည့်ပြီး မယုံနိုင်။
(ဘာတွေဖြစ်ကုန်တာလဲ)(ကျွန်တော်ယုံတယ် ခင်ဗျားကဒီလိုလူမဟုတ်ဘူးဆိုတာ)
(ဘယ်သူမှမယုံရင်တောင် ကျွန်တော်ယုံတယ်)"တောက်"
အရာရှိပြန်သွားတော့ ချင်းရန်ရဲ့တောက်ခေါက်သံ။"ဘယ်လိုလုပ်ရတော့မလဲ၊ အခုတော့ ရာဇဝတ်ကောင်ရဲ့မိဖုရားဖြစ်ပြီ အလကားနေရင်း"
စိတ်တိုနေတဲ့မိဖုရားကြောင့် ထယ်ယောင်းအပါဝင် အစေခံအားလုံးမလှုပ်ရဲကြ။
"အဲ့ဒါနင့်ကြောင်ပဲ ထယ်ယောင်း၊ ငါ့ဘဝဒီလိုဖြစ်တာနင့်ကြောင့်ပဲ"
ထယ်ယောင်းကို လက်ညှိုးထိုးထိုးပြီး အပြစ်တင်ဆဲဆိုပြန်တယ်။ချင်းရန်ရဲ့ အပြုမှုက ပုံမှန်ပင်မဟုတ်တော့။
"ဒီတိုင်းသာ ဒီတိုင်းသာဆိုရင် ငါ့နေရာတွေ အဆောင်ယောင်တွေပါ ဖယ်ရှားခံရတော့မှာ"
ချင်းရန်ကိုကြည့်ရတာ ဥစ္စာတွေ အာဏာတွေအပေါ်တပ်မက်သွားပြီ ထင်ပါရဲ့။
လူဆိုတာ ရဖူးသွားရင် ပြန်မပေးချင်တော့တာ မဆန်းပါဘူးလေ။ထယ်ယောင်းနားထဲမှာကြားနေတဲ့ အရာရှိရဲ့ နောက်ဆုံးစကား
"အပြစ်သားဂျွန်ဂျောင်ကုအား သူ့မိခင်အိပ်ဆောင်၌တစ်သက်တာ အကျယ်ချုပ်ကျစေ!!"
_________________________________
"ရှပ် ရှပ်"
ထယ်ယောင်း အသံမထွက်အောင်ထိန်းရင်း အိပ်ဆောင်ဝင်လာခဲ့တယ်။လက်ထဲမှာတော့ ထမင့်ချိုင့်ဗူးလေး။
အဝတ်စားတချို့ရှိနေတဲ့ ကုတင်ကိုတွေ့တော့ ထယ်ယောင်းစိတ်သက်သာသွားတယ်။(သူအဆင်ပြေပြေနေနေတာပဲ)
ထမင်းချိုင့်ကိုချပြီး ပြန်ထွက်မယ်အလုပ်"ဘယ်သူလဲ"
"အမလေး"
နောက်ကျောကခေါ်သံကြောင့် လန့်ကာအော်မိတော့တယ်။
YOU ARE READING
My Glory
Fanfictionငါအမြဲလိုချင်တဲ့မင်းက ငါ့ဘေးနားမှာရှိနေပါရက် မမြင်ခဲ့မိဘူး တောင်းပန်ပါတယ် ငါမင်းကိုအမြဲနာကျင်စေခဲ့ပြီ တတိယသားတော် ဂျွန်