ကျန်ချောင်း၏သံသယ
............................."ကွန်ဖူးပညာတတ်တဲ့လူတစ်ချို့ အဖမ်းခံလိုက်ရတယ်တဲ့။ သူတို့တွေကို အရာရှိလုကို သတ်သွားတဲ့လူသတ်သမားဆိုပြီး သံသယဝင်လို့ ဖမ်းသွားတာဆိုပြီး ကောလဟာလထွက်နေတယ်။ သူတို့က မနေ့ညကအဖမ်းခံရပြီး အခုဆို နယ်စောင့်တပ်စခန်းက အချုပ်ထဲရောက်နေပြီ။ ပြဿနာရှိတာက အခုဆို သူခိုးက နောက်ထပ်ကိုယ်ထင်ပြလာတော့ ဒီလူတွေမှားယွင်းစွပ်စွဲခံရတာလို့ ဆိုလိုတယ်။ နယ်စောင့်တပ်စခန်းထဲမှာ သူတို့တွေဘယ်လိုဆက်ဆံခံနေရသလဲဆိုတာကို မသိရသေးဘူး။" လင်းကျောက်ဝမ်ကပြောသည်။
ထောင်ဖန်း၏မျက်နှာထားက မသာမယာဖြစ်နေသည်။ 'ကျန်ချောင်းက ငါ့ကိုတောင် အကြောင်းမကြားဘဲ ဒီလူတွေကို ထင်တိုင်းကြဲပြီး ဖမ်းသွားတယ်ပေါ့။'
"ငါ ဒီလူတွေကို ချက်ချင်းလွှတ်ပေးဖို့ ကျန်ချောင်းဆီလူလွှတ်ပြီး ပြောလိုက်မယ်။"
နယ်စောင့်တပ်စခန်းမှ ကျန်ချောင်းသည်လည်း လုကွေ့ကိုသတ်သွားသည့်လူသတ်သမားက ထောင်ဖန်းကိုလည်း မနေ့ညက ခြိမ်းခြောက်သွားကြောင်း ကြားသိပြီးပြီပင်။ ပိုင်ကျွင်းက လူမှားဖမ်းလာကြောင်း၊ ထောင်ဖန်းက သူ့ကို ဤအတွက် ဧကန်မုချ တာဝန်ယူခိုင်းမည်ဖြစ်ကြောင်း သူချက်ချင်းသဘောပေါက်သွားသည်။
"ပိုင်ကျွင်းကို ငါ့ဆီခေါ်လာခဲ့။" ကျန်ချောင်းက ဟိန်းဟောက်သည်။
*****
ပိုင်ကျွင်းက သူဖမ်းလာသော လူအနည်းငယ်ကို စစ်ဆေးမေးမြန်းနေသည်။ ဤလူများထဲမှ မည်သူမျှဝန်မခံသည့်အတွက် သူ၎င်းတို့ကိုနှိပ်စက်ခဲ့သည်။
ကျန်ချောင်းက သူ့ကိုခေါ်နေသည်ဟု ပိုင်ကျွင်းကြားရသောအခါ ကျန်ချောင်းက ရလဒ်ကိုသိချင်နေသည်ဟု သူစိုးရိမ်မိခဲ့သော်လည်း သူ့တွင်ဘာမျှမရသေးချေ။ သူက စိုးရိမ်ကြောင့်ကြကာ ဤလူများ ဝန်ခံလာစေရန် ပို၍ပြင်းပြင်းထန်ထန်နှိပ်စက်ပြီး အချိန်ကိုလည်းဆွဲထားသည်။
"လက်ထောက်တပ်မှူးပိုင်၊ တပ်မှူးက ဒေါသထွက်နေပုံပဲ။ မင်း အဲ့ဒိကိုအခုချက်ချင်းသွားရင် ပိုကောင်းမယ်။" သတင်းပို့သူက ပိုင်ကျွင်းတွင် သွားရန်ရည်ရွယ်ချက်မရှိသည်ကို တွေ့သောအခါ စေ့ဆော်လိုက်သည်။
YOU ARE READING
ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်း
Historical Fictionစေ့စပ်မှုဖျက်သိမ်းသည့်စာတစ်စောင်က ထန်းယန်မှ လင်းမိသားစုအား အဆုံးမဲ့ကြမ္မာဆိုးဝင်စေသည်။ သူ ဟူသည့် လင်းကျန်က ခြေထောက်များရက်စက်စွာအချိုးခံရပြီးနောက် သေသည်အထိ ညှင်းပန်းနှိပ်စက်ခံခဲ့ရသည်။ ယခုပြန်လည်မွေးဖွားလာပြီးနောက် သူ့မိသားစုအတွက် ဂုဏ်ကျက်သရေယူဆောင်...