အပိုင်း_၂

18.2K 1.2K 30
                                    

ထိုနေ့က စနေနေ့ဖြစ်သည်။

"ငါ သွားပြီနော်"

"အေး"

တွယ်တာက ရည်မွန်တို့နှင့်အတူ Central point ကို လိုက်သွားသည်။ အခန်းတွင် ခွန်းခံ့တစ်ယောက်သာ ကျန်ခဲ့၏။ စနေနေ့ဖြစ်သည်မို့ အဆောင်တွင် ကျောင်းသူတော်တော်များများ ရှိမနေပါ။ အနည်းငယ်သာ ကျန်သည်။ ဒါဟာလည်း ထုံးစံပင်။ စနေနေ့တွင် အပြင်ထွက်ကြ၍ တနင်္ဂနွေနေ့တွင် နားကြလိမ့်မည်။ တစ်ချို့က သီချင်းအော်ဆိုကြမည်။ တစ်ချို့က အခန်းတွေပတ်လည်ကြမည်။ တစ်ချို့က Food Panda ကနေ စိတ်ကြိုက်မှာစားကြပေလိမ့်မည်။

စနေ၊တနင်္ဂနွေတော့ စာကောင်းကောင်းလုပ်မည်လို့ တွေးထားတတ်ပေမယ့် ထိုနေ့များရောက်လျှင်တော့ စာလုပ်ချင်စိတ်က ရှိမနေပါ။

"ဒါဟာ မကြီးပွားခြင်းလမ်းစဉ်ပဲ"

ကိုယ့်အတွေးကို တုန့်ပြန်ရန် သူ ခပ်တိုးတိုးရေရွတ်လိုက်သည်။ အိပ်ရာထကတည်းက အခု၉နာရီထိုးသည်အထိ ဝတ္ထုစာအုပ်ကို လက်ထဲက မချနိုင်ဖြစ်နေသည်လေ။

"ခွန်းခံ့ ဧည့်တွေ့လာတယ်"

စာအုပ်ထဲ စိတ်ဝင်စားနေစဉ်မှာ အောက်ထပ်မှသူငယ်ချင်းက လာပြောသည်။ အံ့ဩစရာပဲ...

အိမ်က တစ်လတစ်ခါ လာတွေ့ပေမယ့် ဒါဟာ လကုန်ရက်ဟုတ်မနေပါ။ လာတွေ့သည်ဆိုရအောင်လည်း ဒီမြို့မှာ ရင်းနှီးလွန်းသူကမရှိ။

ပဟေဠိတို့ ခေါင်းထဲချာချာလည်ရင်း ဧည့်တွေ့ခန်းရှိရာ အောပ်ထပ်သို့ ဆင်းလာမိသည်။ ဘယ်သူများလဲ။

အခန်းတံခါးဖွင့်ကာဝင်တော့ ဆက်တီတွင်ခြေချိတ်ကာ ထိုင်ရင်း ဖုန်းscreenကို ကြည့်နေသော ခက် ဆိုတဲ့အမျိုးသမီး။ဆင်စွယ်ရောင် မြန်မာဝမ်းဆက်က ထိုအမျိုးသမီးရဲ့ ခန္ဓာကိုယ်မှာ အချိုးညီစွာ ကပ်တွယ်နေသည်။ သွယ်လျလှသော လက်ချောင်းများ၏အစွန်းရှိ လက်သည်းခွံရှည်ရှည်ကလေးများတွင် မည်ကဲ့သို့သော ဆေးရောင်မှ ခြယ်သမထားပါ။ လက်ဖျားကလေးများက ခပ်ရဲရဲကလေးပင်။ ‌ခြေချိတ်ထိုင်ထားတာမို့ ခြေဖဝါးကလေးများမှာလည်း ထိုနည်းတူဖြစ်နေတာကို ရှင်းရှင်းလင်းလင်းမြင်ရသည်။ ဒီအမျိုးသမီး ဘာအလုပ်မှမလုပ်ရဘူးလားမသိဟု စပ်စပ်စုစု မှတ်ချက်ချလိုက်သည်။ သူ့ဘေးတွင်တော့ ဟိုနေ့ကလက်တွင်ချိတ်ထားသော အိတ်အနက်ရောင်ကို ချထားသည်။

ခွန်းခံ့၏ အမျိုးသမီး_CompletedWhere stories live. Discover now