109

4.9K 707 14
                                    

ကျားမိသားစုသတ္ထုတွင်းမှ ဆူပူအုံကြွမှုနှင့် ကြီးကြပ်သူကို သတ်သွားခြင်း
..................................................................................

"မင်း ဘာပြောလိုက်တာလဲ။ ကျားမိသားစုမှာရှိတဲ့လူတွေက စာရင်းစာအုပ်ကို ထောင်ဖန်းဆီပေးချင်တယ် ဟုတ်လား။"

မကြာခင်တွင် ကျန်ချောင်းက ထန်းယန်မှသတင်းကို သိသွားသည်။ ကျားမိသားစု၏ သတ္ထုတွင်းကြီးကြပ်သူအဆင့်သာသာက ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုကာ သူ့အားခြိမ်းခြောက်ရဲသည်ဟု ကျန်ချောင်းသိရသောအခါ ဒေါသထွက်တော့သည်။ တကယ်တမ်းတွင် သူကအမျက်ထွက်ရုံတင်သာမဟုတ်ဘဲ ချောင်တုံဟူသည့် သတ္ထုတွင်းကြီးကြပ်သူအား သတ်ရန်မစောင့်နိုင်တော့ပေ။

"တပ်မှူး၊ အဲ့ဒိစာရင်းစာအုပ်သာ ထောင်ဖန်းလက်ထဲရောက်သွားရင် ကျွန်တော်တို့အကြောင်း သက်သေဖြစ်သွားပါလိမ့်မယ်။ သူသာ အဲ့ဒါကို မြို့တော်ဆီပို့လိုက်ရင် အရှင်ဧကရာဇ်က ချက်ချင်းမယုံသွားရင်တောင် အဲ့ဒါကိုစုံစမ်းဖို့ အမိန့်ပေးမှာပါ။ အဲ့လိုသာဆိုရင် ကျွန်တော်တို့ ဒီမှာလုပ်ထားတဲ့ကိစ္စတွေ ပေါ်သွားပါလိမ့်မယ်။" လက်ထောက်တပ်မှူး ပိုင်ကျွင်းက စိတ်ပူနေပုံဖြင့်ပြောသည်။

"ကျားမိသားစုက တော်တော်အဆုံးသတ်ခံချင်နေတာပဲ။" ကျန်ချောင်းက ယုတ်မာသောလေသံ၊ သတ်ဖြတ်ချင်လိုသော မျက်နှာထားဖြင့်ပြောသည်။ "အဲ့ဒိ ချောင်တုံဆိုတဲ့တစ်ယောက်ကို ချက်ချင်းသွားရှာပြီးသတ်လိုက်။ စာရင်းစာအုပ်ကို ဖျက်ဆီးခဲ့။"

"ဒါပေမဲ့ ချောင်တုံဆီမှာ စာရင်းစာအုပ်ရှိတယ်ဆိုတာကို ထန်းယန်မှာရှိတဲ့လူတိုင်းသိနေကြပါပြီ။ သူသာသေသွားရင် ကျွန်တော်တို့က သံသယဝင်စရာအကောင်းဆုံးဖြစ်သွားပါလိမ့်မယ်။"

"ငါတို့က ဘေးကျပ်နံကျပ်အခြေအနေနဲ့ ရင်ဆိုင်နေရတာကို မင်းက ဒီဟာအတွက် ဂရုစိုက်နေတုန်းလား။ အဲ့ဒါကို သေသေသပ်သပ်လုပ်ခဲ့။ သူတို့က အမှန်အတိုင်း မှန်းဆနိုင်ရင်တောင် သက်သေအခိုင်အမာမရှိရင် ဘာမှလုပ်လို့ရမှာမဟုတ်ဘူး။"

"အာ...ဟုတ်ကဲ့ပါ၊ တပ်မှူး။"

လက်ထောက်တပ်မှူး ပိုင်ကျွင်း ထွက်သွားပြီးနောက် ကျန်ချောင်းက မှုန်ကုပ်သောမျက်နှာဖြင့် ခဏတွေးနေသေးသည်။ ထို့နောက် သူက ကိုယ်ရေးအစောင့်ကို အမိန့်တစ်ခုပေးလိုက်သည်။ "ဝမ်မင်းနဲ့ ဝမ်ဟယ်တို့ကို ဒီခေါ်ခဲ့။"

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now