Part ( 1 )

104 18 0
                                    

သိပ်ပြီးမသင့်တော်တဲ့အပြူအမူနဲ့ တစ်စုံတစ်ယောက်ရဲ့ အိမ်ရှေ့တံခါးကိုထုခေါက်မှုကြောင့် ဂယောင်းဆူးဟာလန့်သွားပြီးတော့ လက်ထဲကခွက်ကိုတောင် လွတ်ကျမလိုဖြစ်သွားသည်။

"ဒေါက်တာ! ဒေါက်တာ! ထပါအုန်း"

"မနက်စောစောစီးစီး ဒီဆူညံနေမှုက ဘာလုပ်တာလဲ။ အခုမှ 7 နာရီကျော်ပဲရှိသေးပြီးတော့ ဒီနေ့က ကျွန်တော့်ပိတ်ရက်လေ!"

သူလည်းအလျင်မြန်သွားကာ တံခါးကိုဖွင့်လိုက်ပြီး တံခါးအနောက်မှာပဲရပ်ကာ ငြီးတွားလိုက်သည်။

"ကျွန်တော်သိပါတယ် ဒေါက်တာ။ ပြီးတော့ ဒေါက်တာ့ကိုနှောက်ယှက်ရတဲ့အတွက်လည်း တစ်ကယ်စိတ်မကောင်းပါဘူး။ ဒါပေမဲ့ ဘုရင်မကြီးက ကျွန်တော်ကိုလွှတ်လိုက်လို့ပါ"

"ဘုရင်မကြီးက? ဘာများဖြစ်လို့လဲ"

"အိမ်ရှေ့စံတွေထဲက တစ်ယောက်က နေမကောင်းဖြစ်နေလို့ပါ။ ကြည့်ရတာမင်းသားက ပြင်းထန်တဲ့ဖျားနာမှုကို ခံစားနေရတယ်လို့ ထင်ပါတယ်"

"ကောင်းပါပြီ။ ကျွန်တော်ခဏနေရင် လာခဲ့ပါမယ်။ သင့်တော်တဲ့အင်္ကျီတစ်ချို့ ဝတ်ပြီးတာနဲ့လာပါမယ်"

ဂယောင်းဆူးလည်း ခေါင်းတစ်ချက်ငြိမ့်ရင်း ပြောလိုက်ကာ စစ်မှုထမ်းအစေခံက နန်းတော်ကိုလှည့်ပြန်သွားတာနဲ့ တံခါးကိုပိတ်လိုက်ပြီး အင်္ကျီဝတ်၊ သွားမြန်မြန်တိုက်ကာ မျက်နှာသစ်လိုက်သည်။ သူဟာနန်း​တော်ကိုရောက်တော့ ခါတိုင်းလိုသေသေချာချာဝတ်ဆင်ထားတာမျိုးမဟုတ်ပေမဲ့ ဘုရင်မကြီးကိုယ်တိုင်က စီးကြိုနေခဲ့သည်။ သူလည်းရိုသေစွာ ဦးညွှတ်ဂါဝရပြုလိုက်ပြီး၊

"မြင့်မြတ်သော အရှင်ဘုရင်မကြီး၊ စောင့်ဆိုင်းအောင်ပြုလုပ်ရတဲ့အတွက် ကျွန်တော်တောင်းပန်ပါတယ်"

"မတောင်းပန်ပါနဲ့ ဒီနေ့ကမင်းရဲ့ပိတ်ရက်ဖြစ်မှန်း ငါသိပါတယ်"

ဘုရင်မကြီးက အခုလိုပြောဆိုလာတော့ ဂယောင်းဆူးပြုံးလိုက်ကာ၊

"ရပါတယ်၊ ဒါနဲ့ဘယ်သူနေမကောင်းဖြစ်တာပါလဲ"

"ချန်းယောလ်ပါ"

Royal NeedsWhere stories live. Discover now