[Unicode] (7.1)
ထိုနေ့ရဲ့ နောက်တစ်ရက် တွင် ဟန်ကျွမ်းချွမ် က ဟန်ယဲရဲ့ ပြောင်းလဲတာဝန် ထမ်းဆောင်ခွင့် မိတ္တူ ကိုရခဲ့လေတယ်။ ပြီးတော့ ပျံသန်းမှုဝန်ကြီး ဌာနကနေ အီးမေးလ်တစ်စောင် ကိုလည်း ရရှိခဲ့တယ်။
ထိုထဲမှာ ပါတာကတော့ ယန်ဟဲဟာ အရမ်းကို ကောင်းမွန်တဲ့ လူတစ်ဦး ဖြစ်ပြီးကြောင်းကို အခိုင်အမာ အာမခံထားပြီးတော့ ဟန်ကျွမ်းချွမ်ကိုလည်း ထိုကလေးအား စောင့်ရှောက်ပေးဖို့ အကူအညီတောင်းထား တာပဲဖြစ်တယ်။
အပေါ်ယံမှာတော့ ဟန်ကျွမ်းချွမ်က ကတိတွေပေးလိုက်ပေမယ့် ဝန်ကြီးဌာနက စာအရှည်ကြီးတွေကတော့ သူ့ရဲ့ရင်ထဲကိုမရောက်ခဲ့ပါပေ။ သူအတွက်ကတော့ လူတိုင်းကိုတန်းတူညီတူ ဆက်ဆံပေးမှာ ပဲဖြစ်တယ်။
ဒီနေ့မှာတော့ သူ့အိမ်အတွင်းမှာ ဘာမှထူးဆန်းတဲ့ အသံတွေမကြားရပေ။ ဟန်ကျွမ်းချွမ် က ဆေးကြောပြင်ဆင်ပြီးတဲ့နောက် ဧည့်သည် အိပ်ခန်းရဲ့အပြင်ကို ထွက်လိုက်တဲ့အခါ မီးဖိုချောင်က သန့်ရှင်း ပြီးသပ်ရပ်နေတာကို တွေ့လိုက်ရတယ်။
ကြည့်ရတာတော့ သူ့အိုမီဂါလေး က လက်သည်းလေးတွေနဲ့ မီးဖိုချောင်ကို လာပြီး မကုတ်ခြစ်မရှုပ်ဖွ ရသေးဘူးနဲ့တူတယ်။
( အဲ့တာနင့်မိန်းမနော်။ ကြောင်မဟုတ်ဘူး)
ထိုဟာကိုတွေး မိတော့ ဟန်ကျွမ်းချွမ် တစ်ယောက် မသိလိုက် ပါပဲနဲ့ စိတ်သက်သာ ရာရစွာဖြင့်သက်ပြင်း ခိလိုက် မိတယ်။ သူက အလုပ်ကိုသွားဖို့ ဘွတ်ဖိနပ်စီးပြီးတဲ့ အခါမှာတော့ ပင်မအိပ်ခန်းရဲ့ အခန်းတံခါးက အသာလေးပွင့်လာခဲ့တယ်။
အန်းမူရဲ့ခေါင်းလေးက တံခါးရဲ့ ဟထားတဲ့ကြားလေးထဲ ကနေထွက်လာကာ ဝင်ပေါက် ရှေ့မှာရပ်နေတဲ့ ဟန်ကျွမ်းချွမ်ကို တိတ်တိတ်လေး ကြည့်လိုက် တယ်။ ပြီးတော့ သူ့အရှေ့က အမျိုးသား ဟာလည်း သူ့ကိုပြန်ကြည့်နေတာကို ချက်ချင်းပဲတွေ့သွားတော့တယ်။
ဘယ်အချိန်ပဲ ကြည့်ပါစေ ထိုအမျိုးသားက အန်းမူကို လှုပ်ခက်နိုင်စေတုံးပါပဲ။
" ဗိုလ်မှူး မနေ့က ခများပြောတဲ့.... လက်ထောက် ဆိုတဲ့ အကြောင်း လေ။ ကျွန်တော် က.... အဲ့တာကို ဘယ်အချိန်မှာ အင်တာဗျုး သွားဖြေရမှာလဲဟင် ''
YOU ARE READING
[Complete]ပေါင့်ပေါင့်ဝေါသ အိုမီဂါ💟
General Fiction''Hug my Omega '' ကို မြန်မာပြန်မလို့ပါ။ အပိုင်း - 48 2 extras original author - lion cub English translator - xiansix #not my story #only fun translation #credit to owner Monday တိုင်းတင်မည်။ တစ်ပတ် တစ်ပိုင်းကွာ 😗😗😗