[83]

5.5K 825 50
                                    

[Unicode]

083: စီရင်စုဗဟိုဌာနချုပ်သို့ သွား​လေပြီ

လဲ့ယ်ထျဲတစ်​ယောက် ဟိတ်ဟန်ကြီးကြီးဖြင့် ထိုင်ချလိုက်ရင်း ချင်မျန်ကိုသာ သူ့မျက်လုံးများဖြင့် စိုက်ကြည့်နေလိုက်သည်။လဲ့ယ်တာချန်၏စကားများကို သူ မကြားသလိုပင် တုံ့ပြန်မှုလည်း မပေးပေ။
သူ့သားကို ဆုံးရှုံးလိုက်ရသလို့ ခံစားလိုက်ရတဲ့အတွက် လဲ့ယ်တာချန်ရဲ့မျက်လုံးတွေထဲ၌ ဆုံးရှုံးမှုတစ်ရပ်ရှိနေ၏။

"ဟုတ်တယ်...ဟုတ်တယ်။ပဥမ​မြောက်.....မင်းရဲ့အစ်ကိုအကြီးဆုံးက ကွန်ဖူးတတ်တယ်။မင်းကို လိုက်ပို့ပေးရင် အ​မေ ပိုစိတ်ချရလိမ့်မယ်" တုရှီသည် လဲ့ယ်ရှန်းကျစ်ကို ချစ်ခင်မြတ်နိုးစွာ ကြည့်နေသည်။

လဲ့ယ်ရှန်းကျစ်လည်း အလွန်ပင် ဝမ်းပမ်းတသာဖြစ်သွားပြီး "အစ်ကိုကြီးနဲ့မရီးတို့ရဲ့လုပ်ငန်းကို နှောင့်နှေးသွားစေမယ် မဟုတ်ဘူးလား?"

"စိတ်မပူပါနဲ့...အားလုံးစီစဉ်ပြီးပြီ။ငါလည်း ခရိုင်ကို တစ်ခါမှ မရောက်ဖူးဘူး။မင်းရဲ့အစ်ကိုအကြီးဆုံးက ငါ့ကို အလည်ခေါ်သွားပေးမယ်လို့ ပြောတယ်။မင်းကိုပါ တစ်ခါတည်းလိုက်ပို့​ပေးတာက အဆင်ပြေတဲ့ ကိစ္စပဲလေ” ချင်မျန် ပြုံးလျက်ပြောရင်း လဲ့ယ်ထျဲကိုလည်း တစ်ချက်ကြည့်လိုက်သည်။

လဲ့ယ်ရှန်းကျစ်လည်း မတ်တပ်ထရပ်ပြီး “ကျေးဇူးအများကြီးတင်ပါတယ်။ ရိုးရိုးသားသားပြောရရင် စာမေးပွဲကာလ​တွေမှာ စာ​ဖြေသူ​တွေကို အခက်အခဲတွင်းထဲ ကျရောက်အောင် လုပ်တတ်တဲ့ ဓားပြတွေ ရှိတယ်လို့ ဆရာက အထူးတလည်ပြောဖူးတယ်။လမ်းမှာ သတိမူနေဖို့ ပြောခဲ့ပြီး အိမ်တော်မှအစောင့်လေးယောက်နဲ့ လိုက်ပို့ပေးဖို့တောင် စီစဉ်ပေးထား​သေးတယ်။လောင်တာ့နဲ့ မရီးတို့တွေပါ ပါမယ်ဆိုတော့ ဒီညီငယ် ပိုပြီး စိတ်သက်သာရတာပေါ့။”

လဲယ်ထျဲ ပိုက်ဆံအိတ်ကိုထုတ်လိုက်ပြီး “ဒါက ငွေ ၁၀ ချောင်း... မင်းလက်ထဲမှာ သိမ်းထားလိုက်ပါ”
လဲ့ယ်တာချန်နဲ့ တုရှီတို့မှာ ပိုလို့တောင် ကျေနပ်သွားပုံရ၏။

"ကျေးဇူးအများကြီးတင်ပါတယ် အစ်ကိုကြီး" လဲ့ယ်ရှန်းကျစ်လည်း မငြင်းနေ​ပေ။

မျန်ရဲ့ဝိညာဉ် ကူး​ပြောင်းလာတယ် ||မြန်မာဘာသာပြန်||Where stories live. Discover now