•°•° Colder Than Fire °•°•
....Zawgyi.....
အခန်းထဲကလေထုက သိသိသာသာ
အေးစက်လို့နေသည်...
ဖွင့်ထားတဲ့ပန်ကာသံ တချက်ချက်မြည်နေတာကလွဲလို့
အရာရာဟာတိတ်ဆိတ်စွာ..."ကိုယ်တို့က ဘာမှပက်သက်စရာမရှိတော့ဘူးထင်တယ် Zhang Yixing...."
Yixing ကိုမကြည့်ပဲ ပြောလာသည့်သူ.. အရှေ့ကစားပွဲပေါ်လက်တွေတင်ထားပြီး မလှုပ်မယှက်...
တံခါးနားကနေ သူ့ဆီလျှောက်ကာ အရှေ့ကခုံဆွဲယူပြီးထိုင်လိုက်တဲ့ထိ ဘာတစ်ခွန်းမှ ထပ်မဆိုလာ...
"ဘာတွေထပ်ဖြစ်ရတာလဲ Junnie... ကျနော့်ကိုအမှန်တိုင်းဖြေပါ... "
စားပွဲပေါ်ကိုကြည့်နေတဲ့အကြည့်တွေက ထိုအခါမှ Yixing ဆီရောက်လာပြီး...
"ဘာမှမဖြစ်ဘူး မင်းနဲ့လည်းဘာမှမဆိုင်ဘူး...!"
Junnie ရဲ့လေသံက ခါတိုင်းလို နူးညံ့မနေပဲ ခက်ထန်နေသည်.. ကြည့်ရတာ အဆုံးထိဖွင့်မပြောမည့်ပုံပင်
"သိပ်ဆိုင်တာပေါ့..... "
Yixing ပြုံးလိုက်ပြီး အင်္ကျီအိတ်ထဲက ခေါက်ထားတဲ့ စာရွက်ကိုထောင်ပြလိုက်သည်...
Junnie ရဲ့မျက်ဝန်းတွေ ဝိုင်းစက်လို့သွားသည်...
''ကွာရှင်းစာချုပ်.... အခုထိ တရားရုံးကို မတင်ရသေးဘူး.. ကျနော် Lee Shin မသိအောင်ယူထားတာ.... အဲ့တော့... ခင်ဗျားနဲ့ကျုပ်က အခုထိ တရားဝင် လက်ထပ်ထားတုန်းပဲ..... အဲ့တော့ ခင်ဗျားဖြစ်နေသမျှအရာအားလုံး အခုထိ သက်ဆိုင်နေတုန်းပဲ Junnie!"
" ဟာ.... မလုပ်....."
Junnie စကားမဆုံးခင် ထိုစာရွက်ကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် ဆုတ်ဖြဲပစ်လိုက်သည်... ထိုစာရွက်တွေကို တလှည့် Yixing ကိုတလှည့် Junnie မယုံနိုင်စွာကြည့်နေသည်....
ခနနေတော့ Junnie သူ့မျက်နှာသူပွတ်သပ်ပြီး သက်ပြင်းချကာ အနောက်ကိုမှီထိုင်လိုက်သည်... ပင့်သက်ရှိုက်လိုက်သံက အခန်းတစ်လျှောက်ပဲ့ထင်လို့....