၀မ်ရိပေါ်တစ်ယောက် ကုတင်ပေါ််မှာ ထိုင်ပြီး ဂိမ်းဆော့နေတုန်း ချိုးယွမ်မေရောက်လာလေသည်။
"၀မ်ရိပေါ်"
၀မ်ရိပေါ်ဂိမ်းဆော့တာကို ရပ်ပြီး ကြည့်လိုက်တော့ ချိုးယွမ်မေက သစ်သီးခြင်းလေးကိုင်ထားလေသည်။
"အင် လာလေ"
"အင်း"
ချိုးယွမ်မေက သစ်သီးခြင်းလေးကို စားပွဲပေါ်တင်လိုက်ပြီး ကုတင်ဘေးက ထိုင်ခုံမှာ ထိုင်လိုက်လေသည်။
"ကျေးဇူးပဲ အဲ့နေ့ကအတွက်"
"ရပါတယ် တို့လဲ ဒီတိုင်း မကြည့်ရက်လို့ ကူညီပေးတာ"
"အော် ကြည့်ရက်ရင် ဒီတိုင်းထားမယ်ပေါ့"
"၀မ်ရိပေါ် နင်နော်""........"
"နောက်တစ်ခါမဖြစ်စေနဲ့"
"အွန် စိတ်ပူတာလား"
"သေလိုက်လေ ကျန့်ကြောင့်မလို့"
"ဘယ်လို"
"ထားလိုက်တော့"
"အင်း ငြိမ်းချမ်းရေးယူကြမလား"
"ဘာကိုလဲ"
"ဒီလိုလေ ခင်ဗျားက ကျွန်တော့်ကိုကယ်ပေးထားတာဆိုတော့ လျှော့ပေးလိုက်မယ် ရှောင်းကို ညီတူမျှတူပဲလိုက်ကြေး ဘယ်လိုလဲ"
"စိန်လိုက်လေ ရတယ်"
"ရှိသေးတယ် ရှောင်းလက်ခံမှနော် ရှောင်းလက်မခံတဲ့သူက အသာရှောင်ထွက်သွား"
"သိပါတယ် အဲ့လောက်တော့ ဒါနဲ့ ကျန့်ရော"
"အိမ်ခဏပြန်သွားတယ်"
"အော်"
"ဒါနဲ့"
"အင်း ပြော"
"ဘာမှမဟုတ်တော့ပါဘူး"
ထိုအချိန်မှာပဲ ရှောင်းကျန့်က ချိုင့်ကြီးချိုင့်ငယ်ဆွဲလို့ အခန်းထဲကို ၀င်လာလေသည်။ချိုင့်တွေကို စားပွဲပေါ်တင်ရင်း
"ခေါင်းတွေဘာတွေ မူးသေးလား ရိပေါ်"
"မမူးတော့ပါဘူး "