UNICODE
အပိုင်း (၂၁)
ခုတလော သခင်လေးက အရမ်းစိတ်ဆတ်နေတာ။ ငါ အိမ်ပြန်တာ နည်းနည်းလေးနောက်ကျတာနဲ့ ငါ့ကို သံသယဝင်ရော။ အိပ်ယာပေါ်က ငါ့စွမ်းဆောင်ရည်တွေ နည်းနည်းကျသွားရင်လည်း ငါ့ကို သံသယဝင်ပြန်ပြောရော။ ငါလေးခမျာ သူ့သံသယတွေဖျောက်ပစ်ဖို့ ညသန်းခေါင်အထိ အိပ်ယာပေါ် နပန်းလုံးပေးရတယ်။ အမှန်အတိုင်းပြောရရင် ငါလည်း နည်းနည်းမောတာပေါ့။
အစကတော့ ငါတွေးမိပါသေးတယ်။ ငါတို့ရဲ့ကိုင်းကျွန်းမှီ၊ကျွန်းကိုင်းမှီဆက်ဆံရေးကို ရှင်းရှင်းလင်းလင်းလုပ်ဖို့ အချိန်နည်းနည်းယူသင့်သေးတယ်ဆိုပြီး။ ဒါပေမဲ့ တစ်ပတ်ဆက်တိုက် ညဘက်တွေ သီချင်းထထဆိုနေရတော့ အဲ့အဆင့်ကို ကျော်လိုက်ရတော့တယ်။ ငါ အချိန်ယူပြီး စဥ်းစားတာက အရေးမကြီးဘူး။ တကယ်အရေးကြီးတာက ငါ့ကျန်းမာရေးပဲ။
ငါ သခင်လေးကို လက်ထပ်ချင်တယ်လို့ ပြောလိုက်တော့ သခင်လေးတစ်ယောက် ကြက်သေသေနေတာ အကြာကြီးပဲ။ နောက်တော့ သူ့အခန်းထဲ ပြေးဝင်သွားပြီး နှစ်နာရီနီးပါး တံခါးပိတ်ပြီး နေနေတော့တယ်။ သူ အခန်းထဲက ထွက်လာတော့ မျက်လုံးနှစ်ဖက်လုံး မက်မွန်သီးတွေလို ဖူးယောင်နေတာ။ လက်ထဲမှာလည်း စက္ကူနီအထပ်လိုက်ကြီး။
~~~~~~~~~~~~~~~~
ZAWGYI
အပိုင်း (၂၁)
~~~~~~~~~~~~~~~~
YOU ARE READING
My Father Wants to Kill Me《COMPLETED》