[82]

5.1K 733 34
                                    

[Unicode]

082: လဲ့ယ်ရှန်းကျစ်သည် အရာရှိစာ​မေးပွဲတွင် ပါဝင်​ဖြေဆိုဖို့ရာ သွား​ရ​ပေတော့မည်

လဲ့ယ်ရှန်းကျစ် ဆိုလိုက်၏။ "ကျွန်​တော်ရဲ့ ကျောင်းနေဖက်တချို့က စာမေးပွဲမတိုင်ခင် အပန်းဖြေခရီးထွက်ဖို့ စီစဉ်နေကြတာပါ။သာယာအေးချမ်းဖွယ်ခြံဝန်းပိုင်ရှင်က ကျွန်တော့်အစ်ကိုအကြီးဆုံးဖြစ်နေတယ်ဆိုတာ သူတို့ဘယ်က​နေ ကြားသိလာကြမှန်းမသိဘူး။သူတို့ ဥယျာဉ်ကိုလာလည်ချင်​နေကြတယ်။အစ်ကို ဘယ်လိုသ​ဘောရလဲလို့ မေးပါရစေ။"

ချင်မျန် လဲ့ယ်ထျဲကို ကြည့်လိုက်သည်။
လဲ့ယ်ထျဲ အနည်းငယ် မျက်မှောင်ကြုတ်ကာ "မြက်ခင်းတွေနဲ့ ဥယျာဉ်ထဲက သစ်ပင်တိုင်းက အ​ခြေမကျ​သေးဘူး"

ဒါတွေက သူနဲ့သူ့မိန်းမရဲ့ အားထုတ်မှုတွေပဲ။

လဲ့ယ်ရှန်းကျစ်က "ဒါတော့ ဟုတ်ပါတယ်။အကြီးဆုံးအစ်ကိုနဲ့ အကြီးဆုံးမရီး...ကျွန်တော်နဲ့ သူငယ်ချင်းဖွဲ့တဲ့ ကျောင်းသားတွေအားလုံးက ကျင့်ဝတ်ကို နားလည်တဲ့သူတွေဆိုတာ စိတ်ချထားနိုင်ပါတယ်"

လဲ့ယ်ထျဲ ချင်မျန်ကို ခေါင်းညိတ်ပြလိုက်သည်။
ချင်မျန်က​တော့ ဒါကို ဆန့်ကျင်ဖို့ ရည်ရွယ်ချက်မရှိပေ။လဲ့ယ်ရှန်းကျစ်နှင့်သူတို့၏ဆက်ဆံရေးသည် ကောင်းမွန်တာ​ကြောင့် လဲ့ယ်ရှန်းကျစ် မျက်နှာမပျက်စေရန် မငြင်းဆန်နိုင်။

သူ ပန်းကန်လုံးထဲမှ နောက်ဆုံးခေါက်ဆွဲနှစ်လုတ်ကို စားပြီးနောက် မေးလိုက်၏။ "ငါတို့ခြံက သာမာန်အိမ်ခြံဝင်းထက် ပိုလှတယ်ဆိုပေမယ့် ချမ်းသာတဲ့မိသားစုတွေရဲ့ရှုခင်းတွေထက်တော့ မလှဘူး​လေ။ဘာလို့ ဒီကိုလာဖို့ စိတ်ဝင်စားကြတာတဲ့လဲ?"

လဲ့ယ်ရှန်းကျစ်သည် သူ့လက်ဖက်ရည်ခွက်ကိုချကာ ခေါင်းယမ်းပြလိုက်သည်။
"ဖြစ်နိုင်တာက သူတို့ ဒီပန်းတွေကြောင့် လာချင်ကြတာ ဖြစ်မယ်"

ချင်မျန်သည် ပညာသင်ကြားရာတွင် အရည်အချင်းမရှိသည့်အပြင် အမှန်တကယ်တွင်လည်း သူ တက္ကသိုလ်သို့ စာရင်းသွင်းခဲ့သည်မှာ ဒုတိယအ​ခေါက်မှသာ သွင်းဖြစ်ခဲ့သည်။စာပေပညာကို ဝါသနာပါသော ပါရမီရှင် ပညာရှင်များနှင့် စာပေဗန်းစကားများကို တနေကုန် ပြောဆိုနေကြသော ပညာတတ်များကို သူ တကယ်သည်းမခံနိုင်ပေ။သူတို့ကို ကြိုပြီး ရှောင်ချင်တာကြောင့် ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
"ဘယ်တော့လာကြမှာတဲ့လဲ?"

မျန်ရဲ့ဝိညာဉ် ကူး​ပြောင်းလာတယ် ||မြန်မာဘာသာပြန်||Where stories live. Discover now