(Zawgyi Version)
မစ္စရန်သည် သူမ၏ လက်တွင်ပတ်ထားသော နာရီကိုကြည့်လိုက်သည်။ အချိန်က မနက်၆နာရီသာရှိသေးသည်။ ပိုင်ကျင်းကလည်း ထိုအချိန်မနိုးသေး။သူမက အပေါ်ကုတ်ကိုသေချာဝတ်ကာ GRAY များနေသော အဆောင်များဘက်သို့ဦးတည်လိုက်သည်။
ကြီးမားလှသော ခြံကြီးတွင် များစွာသောအဆောင်များကိုဆောက်လုပ်ထားသည်။အတော်ဆုံး Body guard များ နေထိုင်သော အဆောင်များမှာလည်း ကွန်ဒိုတိုက်ခန်းများပမာ ကျယ်ဝန်းပြီးသပ်ရက်လှသည်။
လျောက်လမ်းအတိုင်း လျောက်လာရင်း မစ္စရန်မှာ သွားလာနေသော အမျိုးသားအနည်းငယ်ကို မြင်လိုက်ရသည်။
အပေါ်ပိုင်း ဗလာနှင့်ပြေးလွှားနေသော အုပ်စုက မစ္စရန်ကိုမြင်သော် ခေါင်းငုံ့ကာ အရိုအသေပေးလာသည်။ သူမက မကြည့်ဘဲ စိတ်လောစွာဖြင့် GARY များနေသော အဆောင်ကိုသာ ဦးတည်လာလိုက်သည်။
အခန်းရှေ့သို့ရောက်သော် သူမက Bell ကိုနှိပ်လိုက်၏။ သို့သော် အထဲကလူကထွက်မလာတာကြောင့် သူမ မျက်မှောင်ကြုတ်လိုက်ပြီး နောက်တစ်ခေါက် ထပ်နှိပ်လိုက်သည်။
ညကတည်းက ပိုင်ကျားယွဲ့နှင့်အတူ Gray များ ပြန်ရောက်နေဖြစ်ကြောင်း သူမသိထားသည်။ ထို့ကြောင့် သူမ လာခဲ့သော်လည်း အခန်းထဲမှ ထွက်လာမရှိ။
ထိုစဉ် တစ်ဖက်အခန်းမှ ထွက်လာသော လူကိုမြင်လိုက်တော့ မစ္စရန်က မေးမြန်းလိုက်သည်။
" G1 ရော ?"
ထိုတစ်ယောက်က တံခါးဘောင်နားမှာရပ်ပြီး
" မနက် ၅နာရီလောက်ကတည်းက ထွက်သွားတယ် "
"ထွက်သွားတယ် ? ဘယ်ကိုထွက်သွားတာလဲ ?"
"ကျင်းသခင်လေးဆီထင်တာပဲ ၊ သူကခါတိုင်းလို ကျင်းသခင်လေးအနားမှာပြန်တာဝန်ထမ်းဆောင်ရမယ်ဆိုပြီးထွက်သွားတာ"
ထိုစကားကြောင့် မစ္စရန်မှာ စိတ်ကသိကအောက်ဖြစ်သွားသည်။ သူမက တံခါးဘေးနားရပ်နေသော G3 ကို ကျေးဇူးတင်ကြောင်းပြောပြီး ပိုင်ကျင်း၏ အခန်းရှိရာသို့သာ ပြန်လာလိုက်သည်။
သေချာပေါက် G1 က ပိုင်ကျင်းအခန်းကိုရောက်နေလောက်ပြီဖြစ်သည်။ G1 ကို ပိုင်ကျင်းနှင့်မတွေ့ခင် အရေးကြီးသော အကြောင်းအရာများကိုလည်း ပြောရန်ရည်ရွယ်ထားသည်။