[Unicode] (4.2)
ကိုလိုနယ် ကတော်ကတော့ ဟန်ကျွမ်းချွမ်ကို အားတုံ့အားနာ ဟန်နဲ့ ကြည့်လာတယ်။
" စိတ်မကောင်း လိုက်တာကွယ်။ သူင အဲ့လိုပဲ စည်းမရှိကမ်း မရှိသောက်တက်တာ''
ကိုလိုနယ် ကတော်က အသက်၄၀ လို့သာပြောပေမယ့် အခုချိန်ထိ သူ့အသားအရည်က ကောင်းမွန်နေဆဲ ဖြစ်တယ်။ သူ့မျက်လုံးထောင့်နားလေးမှာ အရေးအကြောင်းလေး အနည်းငယ် ရှိပေမယ့် လို့ ထိုအရာက သူ့အလှကိုပျက်ဆီး မသွားစေပဲနဲ့ နွေးထွေးမှု ပေးတဲ့ပုံကိုသာ ပိုပြီးပေါ်လွင်စေတယ်။
" ဒါတော့ ဟုတ်တယ်ဗျ။ ကိုလိုနယ်က အရမ်းခေါင်းမာပြီး လျော့သောက်ဖို့ ပြောတာမရဘူးဗျာ''
ဟန်ကျွမ်းချွမ် က အမူးသမား ကိုလိုနယ် ကို ကားထဲကနေ ကးထုတ်ပေးလိုက်ပြီးတော့ အိမ်ထဲ ရောက်အောင် ကူတွဲ ပြီးပို့ပေးလိုက်တယ်။ အိမ်ထဲမှာ တော့ ကိုလိုနယ် တစ်ယောက် အမြဲတမ်းဂုဏ်ယူ နေရတဲ့ကလေး ၂ ယောက်က ဆိုဖာပေါ်မှာထိုင်ကာ ဖအေဖြစ်သူကို စောင့်နေကြတာတွေ့လိုက်ရတယ်။
ထို ချစ်စရာ ကောင်းတဲ့ကလေး တွေဟာ သူတို့ရဲ့အဖေက အရက်သောက်ပြီး မူးလာတာကိုတွေ့လိုက် ရတော့ တစ်ယောက် က ဆိုးသွမ်း စွာနဲ့ ဖအေ ဖြစ်သူရဲ့ နှာခေါင်း ကိုဆွဲဆိတ်ကာ နောက်တစ်ယောက် ကတော့ ဖအေ ဖြစ်သူရဲ့ ဆံပင်တွေကို ဆောင့်ဆွဲလေတယ်။
ဟန်ကျွမ်းချွမ် ရဲ့အမြင်မှာတော့ ဒါဟာ မလေးမစားပြုမူတာပဲ။ ဒါပေမယ့် ကိုလိုနယ်ရဲ့ မျက်နှာပေါ်မှာ အပြုံးတွေ ဖြစ်ပေါ်လာကာ ကိုလိုနယ်ကတော်ကလည်း ကလေးတွေကို မရပ်ခိုင်းခဲ့ပါဘူး။ ထိုမြင်ကွင်းကို ကြည့်ခြင်းအားဖြင့် ကိုလိုနယ်တို့ ဇနီးမောင်နှံ ဟာ ထိုအသေးလေးတွေကို အရမ်း အလိုလိုက်တာတွေ့နိုင်ပါတယ်။
ပျော်ရွှင်နေ တဲ့ထိုမိသားစုနဲ့ တစ်ယောက် ထဲ အိမ်ပြန်သွားရတဲ့ ဟန်ကျွမ်းချွမ်ကိုနှိုင်းယှဥ် ကြည့်ပါက သူဟာပိုပြီးတော့တောင် အထီးကျန်ဆန်နေတာကို တွေ့ရမှာပဲ ဖြစ်တယ် ။
ဟန်ကျွမ်းချွမ် တစ်ယောက် အိမ်ပြန် ရောက်လို့ တံခါးကိုဖွင့်လိုက်တဲ့အခါမှာတော့ တစ်အိမ်လုံး မှောင်မဲနေမယ့်အစား မီးအလင်းရောင် ဖျော့ဖျော့လေးကိုတွေ့လိုက်ရပါတယ်။ အိပ်ခန်းတံခါး က ပွင့်နေပြီးတော့ ထိုထဲက မီးရောင်က ဧည့်ခန်းထဲကို ဖြာကျနေကာပတ်ဝန်းကျင်ကို မှိန်ဖျော့ဖျော့နဲ့ နွေးထွေးစေပါတယ်။
YOU ARE READING
[Complete]ပေါင့်ပေါင့်ဝေါသ အိုမီဂါ💟
General Fiction''Hug my Omega '' ကို မြန်မာပြန်မလို့ပါ။ အပိုင်း - 48 2 extras original author - lion cub English translator - xiansix #not my story #only fun translation #credit to owner Monday တိုင်းတင်မည်။ တစ်ပတ် တစ်ပိုင်းကွာ 😗😗😗