Ep- [17]

30.4K 1.6K 57
                                    

ဒီနေ့မနက် ယောင်းကို ခြံထဲ လိုက်ပြဖို့ ဂျောင်ကု စောစောထလိုက်သည်။ ပြီးနောက် မျက်နှာသစ်သွားတိုက်ပြီး ယောင်းအခန်းထဲ ဝင်သွားတော့ ကုတင်ပေါ်မှာ ကွေးကွေးလေးအိပ်နေတဲ့ ယောင်းက ကလေးတစ်ယောက်လိုမျိုး။

ကိုယ့်ကြောင့်သာ ယောင်းအများကြီးခံစားခဲ့ရတာ။

"ယောင်း!"

ဂျောင်ကု ထယ်ယောင်းရဲ့ နဖူးလေး‌ကို အနမ်းချွေရင် နိူးလိုက်တော့ ဖြည်းဖြည်းချင်လှုပ်လာတဲ့ ကိုယ်လေး။

"ဟင် "

နိူးနိူးချင် မြင်လိုက်ရတဲ့ သူက ချစ်ရသူမို့ ထယ်ယောင်း အလိုလို ရင်ထဲ နွေးမိသည်။

ဒါပေမဲ့ ခုတလော အားနည်းနေသလိုဖြစ်နေတဲ့ ဂျောင်ကုကြောင့် ထယ်ယောင်း စိတ်ထဲ နည်းနည်းလေးသည်။

ဆေးလိပ်တွေ ဘယ်လောက်တောင် သောက်လဲမသိဘူး နှုတ်ခမ်းတွေ  ပြာနေသည်။

"ထတော့ ကိုယ်နဲ့  နေကြာခင်းကို သွားမယ် အဝတ်စားလည်ပြီး အောက်ဆင်းခဲ့နော်  ရွှတ်"

"မရွံဘူးလား  မနမ်းနဲ့ ငါမျက်နှာမသစ်ရသေးဘူး  "

ဂျောင်ကု နမ်းလိုက်တဲ့ နေရာကို လက်နဲ့အုပ်ကိုင်ရင် ထယ်ယောင်းပြန်ပြောလိုက်တော့ ဂျောင်ကုမှာ ချစ်ရသူကို အသည်းယားရပြန်သည်။

ပိုပိုတိုးချစ်လာတယ်ယောင်းရယ် ကိုယ်ပျောက်ကွယ်သွားရင်တောင် ယောင်းအစွဲနဲ့ ထွက်သွားနိုင်ပါ့မလား။

" မရွံပါဘူး ဖြစ်နိုင်ရင် တစ်ကိုယ်လို ကိုက်စားပြစ်ချင်တာ"

ဂျောင်ကုရဲ့ စကားတွေကြောင့် အရှက်သည်းတဲ့ထယ်ယောင်းမှာ မနက်စောစောအရှက်ပိုရပြန်သည်။

"သွားတော့ ငါဆင်းလာခဲ့မယ် "

ရှက်နေတဲ့ ယောင်းကို ကြည့်ပြီး ဂျောင်ကု ရယ်မိတော့သည်။

"ဟဟ!! ဟုတ်ပါပြီး ကိုယ်သွားပါပြီး "

ဂျောင်ကု အောက်ဆင်းသွားတော့ ထယ်ယောင်းလည်း မျက်နှာသစ် အကျလည်းလိုက်သည်။

အကျကလည်း ဗီရို ဝယ်ထည့်‌ေပးထားတယ် ဂျောင်ကု အကျတွေက အသင့်ဖြစ်နေသည်။

 1 Million  [ 1 မီလီလျံ ]  {Complete}Where stories live. Discover now